Connect with us

Africa & Middle East

အီရန်တွင် တိုက်ခိုက်မှုအသစ်များ ပြုလုပ်သွားမည်ဟု ဗွီဒီယိုဖိုင်မှ တစ်ဆင့် IS စစ်သွေးကြွအဖွဲ့ ခြိမ်းခြောက်

IS စစ်သွေးကြွအုပ်စု အဖွဲ့ဝင်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံမြို့တော် တီဟီရန်မြို့ တွင် တိုက်ခိုက်မှုအသစ်များ ပြုလုပ်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုထားသည့် ဗွီဒီယိုဖိုင်အား သြဂုတ်၉ ရက်တွင် IS စစ်သွေးကြွအုပ်စု က ထုတ်ပြန်ခဲ့ကြောင်း ဋ္ဌာနေသတင်းရင်းမြစ်များ အရ သိရသည်။

IS စစ်သွေးကြွအုပ်စု၏ Amaq သတင်းဋ္ဌာန တံဆိပ်ပါသည့် ဗွီဒီယိုဖိုင်တွင် မျက်နှာဖုံးအမည်းရောင် ဝတ်ဆင်ပြီး အေကေ-၄၇ သေနတ် ကိုင်ဆောင်ထားသော အမျိုးသားတစ်ယောက် ၏ ဘေးတစ်ဖက်တစ်ချက်တွင် လူတစ်ယောက်စီ ထိုင်နေကာ အဆိုပါအမျိုးသားက ခြိမ်းခြောက်စကား ပြောကြားခဲ့ခြင်းဖြစ်သည်။

IS စစ်သွေးကြွအုပ်စုသည် အီရန်နိုင်ငံ အား ဒေသတွင်းရှိ ၎င်းတို့၏ ရန်သူများအနက် တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ စစ်သွေးကြွအုပ်စုသည် ဇွန် ၇ ရက်တွင် Ayatollah Khomeini ၏ ဂူဗိမာန် နှင့် တီဟီရန်မြို့ရှိ ပါလီမန်တွင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အနည်းဆုံးလူ ၁၈ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံတော်လှန်ရေးတပ်ဖွဲ့သည် ဇွန် ၁၈ ရက်တွင် ဆီးရီးယားရှိ ISတို့၏ အခြေစိုက်စခန်းများကို ဒုံးကျည်များဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ယင်းအကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်နွယ်နေသူ ဒါဇင်ပေါင်းများစွာကိုလည်း ဖမ်းဆီးခဲ့ကြောင်း အီရန်အာဏာပိုင်များကပြောကြားခဲ့သည်။

စစ်သွေးကြွများ၏ ဗွီဒီယိုဖိုင် တွင် မျက်နှာဖုံးအမည်းရောင် ဝတ်ဆင်ထားသော စစ်သွေးကြွခြောက်ဦး က အာရပ်လူမျိုး ရှီယိုက်များကို ဆန့်ကျင်ပြောကြားခဲ့ပြီး အီရတ်နိုင်ငံရှိ ၎င်းတို့ကို ဆန့်ကျင်တိုက်ခိုက်သွားမည် ဖြစ်ကြောင်းကိုလည်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.