Connect with us

Africa & Middle East

ဆော်ဒီတွင် တရားခံသုံးဦးအား အကြမ်းဖက်မှု စွဲချက်များဖြင့် သေဒဏ်ပေး

ဆော်ဒီအာရေဗျနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယာ့ဒ်၊ ဒီဇင်ဘာ ၁ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ တရားရုံးတစ်ခုက ဆော်ဒီနိုင်ငံ အရှေ့ဘက် တည်ငြိမ်မှုမရှိသေးသည့် Qatif ဒေသ မှ ဆော်ဒီနိုင်ငံသား သုံးဦးအား အကြမ်းဖက်မှု စွဲချက်များဖြင့် နိုဝင်ဘာ ၃၀ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း Al Arabiya သတင်းဋ္ဌာန က ဖော်ပြခဲ့သည်။

လေးဦးမြောက် တရားခံအား ထောင်ဒဏ် ၁၂နှစ် ချမှတ်ခဲ့ပြီး တရားခံ လေးဦးသည် Qatif ဒေသ မှ အစွန်းရောက်အဖွဲ့များနှင့် ပူးပေါင်းကာ ရဲတပ်ဖွဲ့ နှင့် အကျဉ်းထောင်ရုံးချုပ် တစ်ခုအား လက်နက်ကိုင်တိုက်ခိုက်ခဲ့မှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရကြောင်း သိရသည်။
Qatif ဒေသ သည် ဆော်ဒီအာရေဗျနိုင်ငံရှိ လူနည်းစု ရှီယိုက်မူဆလင်တို့ ထူထပ်စွာနေထိုင်သည့် မြို့အနည်းငယ်များအနက်မှ တစ်မြို့ဖြစ်သည်။
ရှီယိုက် လူငယ်အုပ်စုများသည် ရှေးရိုးစွဲ ဆွန်နီများရှိသည့်ဆော်ဒီနိုင်ငံတွင် အခွင့်အရေးပိုမိုရရှိရန် အတွက် ပုန်ကန်မှုများ၊ နိုင်ငံပိုင်ပစ္စည်းများ ဖျက်ဆီးခြင်း နှင့် ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် အောက်တိုဘာ လတွင်လည်း Qatif ဒေသတွင် လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့အား အပြင်းအထန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်သုံးဦး လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
ရှီယိုက်လူမျိုးများအပြင် ဆော်ဒီနိုင်ငံ ဒေသအများအပြားရှိ IS စစ်သွေးကြွအုပ်စု အား ထောက်ပံ့သူများက ရဲတပ်ဖွဲ့ဝင်များအား အလားတူ တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.