Connect with us

Africa & Middle East

မတ်လ မှ အောက်တိုဘာလအထိ ဆီးရီးယား နှင့် အီရတ် တွင် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ကြောင့် အရပ်သားသေဆုံးမှု ၅၄ ဦးထိရှိလာ

အမေရိကန်ဦးဆောင်သော ညွန့် ပေါင်းတပ်ဖွဲ့ ဝင်များ အီရတ်နိုင်ငံအား ဗုံးကျဲတိုက်ခိုက်နေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

အီရတ် နှင့် ဆီးရီးယား နိုင်ငံများ ရှိ အိုင်အက်စ်အကြမ်းဖက်သမားများအား မတ်လ ၃၁ ရက် မှ အောက်တိုဘာလ၂၂ ရက်အထိ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ဝင်များ၏ လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးသူပေါင်း ၅၄ ဦး ရှိခဲ့ကြောင်း ၊ စစ်ပွဲများစတင်ခဲ့သည့် ၂ဝ၁၄ ခုနှစ် မှစတင်ကာ အရပ်သားသေဆုံးမှုပေါင်း ၁၇၃ ဦးထိ ရှိခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာလ ၁ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။

ဆီးရီးယားနိုင်ငံ၌ ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှု ၆ ခု နှင့် အီရတ်နိုင်ငံ၌ ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှု ၁ ခု တို့တွင် အရပ်သားများသေဆုံးခဲ့ရကြောင်း ၊ အချို့သေဆုံးမှုများမှာ ရှောင်လွှဲ၍ မရကြောင်း ပင်တဂွန် စစ်ဌာနချုပ် ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

အောက်တိုဘာလအတွင်း သတင်းပေးပို့မှုသုံးခုကိုလက်ခံရရှိထားသော်လည်း ဆုံးဖြတ်နိုင်ရန်ချင့်ချိန်နေဆဲဖြစ်ကြောင်း ပင်တဂွန်က ဆိုသည်။ ဆီးရီးယားနိုင်ငံ Manbij မြို့အနီး၌ ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၁၈ ရက်ကပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသူဦးရေအများဆုံးရှိခဲ့ကြောင်း အိုင်အက်စ်စစ်သွေးကြွ ၁ဝဝ ဦး နှင့်အတူ အရပ်သား ၂၄ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်က ဆိုသည်။

အရပ်သားများသေဆုံးမှုနှင့်ပတ်သက်ပြီး လေကြောင်းတိုက်ခိုက်မှုမပြုလုပ်မီ ၂၄ နာရီအတွင်း အရပ်သားများ မြင်တွေ့ရခြင်းမရှိသော အိုင်အက်စ်များ တပ်စွဲထားသည့် နေရာမျိုးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ “ သေဆုံးသွားတဲ့အရပ်သားတွေဟာ တိုက်ပွဲဖြစ်တဲ့နေရာမှာ ပြန်ကျဲ့ရောက်ရှိနေသူတွေ” ဖြစ်ကြောင်း ပင်တဂွန်က ဆိုသည်။

အင်္ဂလန်နိုင်ငံအခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသားခွင့် အဖွဲ့က ဆီးရီးယားနိုင်ငံတစ်ခုထဲတွင် ညွန့်ပေါင်းတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်အတွင်း အရပ်သား သေဆုံးသူပေါင်း ၃ဝဝ ကျော်ရှိကြောင်း ခန့်မှန်းထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.