Connect with us

Africa & Middle East

IS ခေါင်းဆောင်သေဆုံးသွားပြီဟု ဆီးရီးယားစောင့်ကြည့်လေ့လာရေးအဖွဲ့ အတည်ပြုခဲ့သော်လည်း အမေရိကန်ဘက်က အတည်ပြုခြင်းမရှိ

IS စစ်သွေးကြွအုပ်စုခေါင်းဆောင် Abu Bakr al-Baghdadi အားတွေ့ရစဉ် (ဆင်ဟွာ)

ဒမက်စကက်စ်၊ ဇူလိုင် ၁၂ (ဆင်ဟွာ)

ဆီးရီးယားဆိုင်ရာ လူအခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က IS စစ်သွေးကြွအုပ်စုခေါင်းဆောင် Abu Bakr al-Baghdadi သေဆုံးမှုကို ဇူလိုင် ၁၁ ရက် ကအတည်ပြုပေးခဲ့ကြောင်း သိရသည်။

သို့သော် ယင်းအဖွဲ့က IS စစ်သွေးကြွခေါင်းဆောင်သေဆုံးခြင်း နှင့် ပတ်သက်၍ အခြားအသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်းသိရသည်။ IS ခေါင်းဆောင် သည် အီရတ်နိုင်ငံ မိုဆူးလ်မြို့တွင် IS စစ်သွေးကြွအဖွဲ့ ထူထောင်ကြောင်း ကြေညာခဲ့သည့် ၂၀၁၄ခုနှစ်တွင် ပြည်သူများအကြား တစ်ကြိမ်သာ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

IS မီဒီယာမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်ခုကို ကိုးကား၍ အီရတ်သတင်းဋ္ဌာန al-Sumaria က စစ်သွေးကြွအုပ်စုသည် al-Baghdadi သေဆုံးမှုကို အတည်ပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။

IS စစ်သွေးကြွအုပ်စု က ၎င်းတို့၏ခေါင်းဆောင်သစ်အား မကြာမီ ရွေးချယ်တင်မြှောက်သွားမည် ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ခဲ့သည်။

မကြာသေးမီက IS ခေါင်းဆောင်သေဆုံးမှု နှင့် ပတ်သက်၍ ကောလဟလများစွာ ထွက်ပေါ်လာခဲ့ပြီး ပြီးခဲ့သည့် ဇွန်လတွင်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က ဆီးရီးယားတွင် ပြုလုပ်ခဲ့သော ရုရှားလေတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် Baghdahi အပါအဝင် အခြားအကြီးတန်း IS ခေါင်းဆောင်များစွာ သေဆုံးသွားနိုင်ခြေရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

သို့သော် အမေရိကန်နိုင်ငံ က ၎င်းအနေဖြင့် al-Baghdadi သေဆုံးမှုကို အတည်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အကယ်၍ al-Baghdadi သေဆုံးမှု မှန်ကန်ပါက ယင်းအချက်သည် IS တို့၏ မြို့တော်ဖြစ်သော မိုဆူးလ်မြို့ကျဆုံးခြင်းအပါအဝင် IS စစ်သွေးကြွတို့အား အထိနာစေမည့် နောက်ဆုံးထိုးနှက်ချက်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.