Connect with us

Africa & Middle East

အီဂျစ်နိုင်ငံ တွင် မွတ်ဆလင်ညီနောင်များ အဖွဲ့ဝင် ၁၂ဦးအား အကြမ်းဖက်မှု စွဲချက်များဖြင့် သေဒဏ်ပေး

အီဂျစ်နိုင်ငံ သမ္မတဟောင်း မိုဟာမက် မော်စီအား ရုံးတင်စစ်ဆေးစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ တရားရုံးတစ်ခုက တရားမဝင်အဖွဲ့အစည်းဖြစ်သော မွတ်ဆလင်ညီနောင်များအဖွဲ့ မှ အဖွဲ့ဝင် ၁၂ဦးအား ရဲစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်မှုဖြင့် ဇူလိုင် ၁၁ ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင် MENA သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

တရားခံများသည် အစိုးရအဖွဲ့အစည်းများအား တိုက်ခိုက်ခြင်း၊ မီးတင်ရှို့ခြင်း၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား သတ်ဖြတ်ခဲ့ခြင်း၊ အကြမ်းဖက် အဖွဲ့အစည်းတစ်ခု နှင့် ဆက်သွယ်ခြင်း တို့တွင် ပြစ်မှုထင်ရှား၍ ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အီဂျစ်နိုင်ငံ တွင် ပဏာမ သေဒဏ်ချမှတ်မှု အားလုံးအပေါ် ဘာသာရေးဆိုင်ရာ အကြံဉာဏ်များ ပေးသည့် အဆင့်အမြင့်ဆုံး အစ္စလာမ်မစ်တာဝန်ရှိသူတစ်ဦးဖြစ်သော Grand Mufti ၏ ဆုံးဖြတ်ချက် အတိုင်း တရားရုံးက ယင်းပြစ်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်။

တရားရုံးသည် အလားတူ ပြစ်မှုများဖြင့် စွဲချက်တင်ခံထားရသော အခြားတရားခံ ၃၉၁ဦးအပေါ် အဆုံးသတ်ပြစ်ဒဏ်ချမှတ်မှုများကို သြဂုတ်လတွင် ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခု ပြစ်မှုသည် ၂၀၁၃ခုနှစ် သြဂုတ်လတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်က သမ္မတဟောင်း မိုဟာမက် မော်စီကို ထောက်ခံသူများအား ရဲတပ်ဖွဲ့က လိုက်လံဖြိုခွဲခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် မွတ်စလင်ညီနောင်များ အဖွဲ့ဝင်များသည် ရဲစခန်းများစွာကို ဝင်ရောက်တိုက်ခိုက်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များအား သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်းသိရသည်။ အီဂျစ်နိုင်ငံ သမ္မတဟောင်း မော်စီ အား ဆန္ဒပြမှုများစွာ ဖြစ်ပေါ်ခဲ့ပြီးနောက် ၎င်းအား စစ်တပ်က ဖြုတ်ချခဲ့ကြောင်း သိရသည်။

မော်စီ နှင့် အတူ ၎င်း၏ မွတ်ဆလင်ညီနောင်များအဖွဲ့မှ ထင်ရှားသော ပုဂ္ဂိုလ်များသည် ဆန္ဒပြသူများစွာကို သတ်ဖြတ်ခဲ့ခြင်း၊ ပြည်ပနိုင်ငံများအား သူလျှိုလုပ်ခြင်း တို့အပြင် အခြားသော စွဲချက်များအား အယူခံ စောင့်ဆိုင်းနေသည့်ကြားမှ သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.