Connect with us

Asia

ကမ္ဘောဒီးယားဝန်ကြီးချုပ် စင်ကာပူတွင် ဆေးရုံ ၅ရက်တက်ပြီးနောက် နေအိမ်သို့ပြန်လည်ရောက်ရှိ

ဆေးရုံမှ ပြန်ဆင်းလာသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်အား မြေးဖြစ်သူများနှင့်တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဖနွမ်းပင်၊ မေ ၈ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Techo Hun Sen သည် အမောဖောက်သော ဝေဒနာ ကြောင့် စင်ကာပူနိုင်ငံတွင် ၅ ရက်ကြာ ဆေးရုံတက်ရောက်ကုသမှုခံယူပြီးနောက် မေ ၇ရက်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ် က “ကမ္ဘောဒီးယားကို ကျန်းမာစွာနဲ့ ပြန်လာပါပြီ” ဟု ၎င်း၏ တရားဝင် ဖေ့ဘွတ်စာမျက်နှာ တွင် ဖနွမ်းပင်မြို့၌ မြေးဖြစ်သူများ နှင့်အတူ ရိုက်ကူးထားသော ဓါတ်ပုံအား ရေးတင်ခဲ့ကြောင်း သိရသည်။အသက်၆၄နှစ် ရှိပြီဖြစ်သော ဝန်ကြီးချုပ် က ၎င်း နေမကောင်းဖြစ်နေစဉ် ဆုတောင်းစကားများပေးပို့ပေးသော ကမ္ဘောဒီးယားနိုင်ငံသူ နိုင်ငံသားများကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

Hun Sen သည် အမောဖောက်သော ဝေဒနာကြောင့် နေမကောင်းဖြစ်ကာ မေလ ၃ရက်တွင် စင်ကာပူနိုင်ငံရှိ ဆေးရုံတစ်ခုတွင် တက်ရောက်ကုသခဲ့ကြောင်း သိရသည်။ ၎င်း နေမကောင်းဖြစ်စဉ်အတွင်း နိုင်ငံ အနောက်တောင်ပိုင်း Kampong Speu ပြည်နယ်တွင် အစိုးဝန်ထမ်းများနှင့် လက်နက်ကိုင်တပ်ဖွဲ့များ စုဝေးတွေ့ဆုံမှုတစ်ခု ကို ခေတ္တဆိုင်းငံ့ခဲ့ရပြီး ပြင်သစ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် ဂျပန်နိုင်ငံတို့မှ နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံမည့် ကိစ္စကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117