Connect with us

Asia

ပူးတွဲစစ်ရေးလေ့ကျင့်မှု မရပ်တန့်လျှင် တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေး ခက်ခဲမည်ဟု မြောက်ကိုရီးယား ဆို

မြောက်ကိုရီးယားနိုင်ငံ တာတိုပစ်ဒုံကျည် စမ်းသပ်ပစ်လွှတ်မှုအား တီဗွီဖန်သားပြင်မှတစ်ဆင့် တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနှင့် အမေရိကန် ပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မရပ်တန့်ပါက တောင်-မြောက် နှစ်နိုင်ငံဆက်ဆံရေးခက်ခဲမည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အမေရိကန် ရေးရာ အရာရှိ Kwon Jong Gunက ယနေ့ သြဂုတ် ၁၁ ရက်တွင် ပြောကြားလိုက်သည်။

မြောက်ကိုရီးယား၏ ပုံမှန်စစ်လက်နက်စမ်းသပ်မှုပြုလုပ်သည့်အပေါ် တောင်ကိုရီးယားက ခေါင်းစဉ်ကြီးတပ်ပြောကြားနေပြီး အခြားတစ်ဖက်တွင် ရန်လိုရန်စောင်မှုသဘောဆောင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို အမေရိကန်နှင့်ပြုလုပ်နေခြင်းသည် အမှားကြီးတစ်ခုဖြစ်ကြောင်း Kwon Jong Gunက ပြောကြားခဲ့သည်ဟု KCNA သတင်းများအရသိရသည်။

မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းက လက်နက်သစ်စမ်းသပ်ပစ်လွှတ်မှုကို သြဂုတ် ၁၀ ရက်တွင် ကိုယ်တိုင်သွားရောက် ညွှန်ကြားခဲ့ကြောင်း KCNA သတင်းက ဖော်ပြထားသည်။ ယခုနှစ် ဇူလိုင် လကုန်ပိုင်းမှစ၍ မြောက်ကိုရီးယားသည် လက်နက်စမ်းသပ်ပစ်လွှတ်မှု အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ရာ ၎င်းမှာ ကိုရီးယားကျွန်းဆွယ် တင်းမာမှုအခြေအနေကို ဖြေလျှော့ရာ၌ အကျိုးမရှိဟု ဆိုကာ ထိုသို့ဆောင်ရွက်မှုများကို ရပ်တန့်ရန် တောင်ကိုရီးယားက တောင်းဆိုခဲ့သည်။

တောင်ကိုရီးယား -အမေရိကန် ၂၀၁၉ခုနှစ် ဒုတိယနှစ်ဝက် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၅ ရက်တွင် စတင်ပြုလုပ်ခဲ့သည်။ ၎င်းမှာ စင်ကာပူ မြောက်ကိုရီးယား-အမေရိကန် ပူးတွဲကြေညာချက်နှင့် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံကြေညာချက်များကို ချိုးဖောက်ရာရောက်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၆ ရက်တွင် ပြစ်တင်ပြောဆိုခဲ့သည်။ ထိုသု့ိဆောင်ရွက်မှုများကြောင့် မြောက်ကိုရီးယားမှ တန်ပြန်နည်းလမ်းများ ဆောင်ရွက်ခဲ့ပါက အမေရိကန်နှင့်တောင်ကိုရီးယားတွင် ရှောင်လွှဲလို့မရသည့် တာဝန်ရှိသည်ဟု ၎င်းက ဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117