Connect with us

Asia

ပါကစ္စတန် အနောက်မြောက်တွင် ပြင်းအား ၅.၂ ရှိ ငလျင် လှုပ်ခတ်

ငလျင်ကြိမ်နှုန်း တိုင်းတာခြင်းပုံစံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် Khyber Pakhtunkhwa ပြည်နယ်၌ ယနေ့ (ဖေဖော်ဝါရီလ ၁၀ ရက်) တွင် ပြင်းအား ၅.၂ ရှိသော ငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဒေသခံ မိုးလေဝသရုံးက ပြောကြားခဲ့သည်။

ယင်း ငလျင်သည် ဒေသစံတော်ချိန် နံနက် ၁၀း၄၉ နာရီတွင် အာဖဂန်နစ္စတန်နိုင်ငံ Hindu Kush တောင် အနီးဝန်းကျင်၌ အနက် ၈၄ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပါကစ္စတန် မိုးလေဝသဋ္ဌာနက ၎င်းတို့၏ ဝက်ဘ်ဆိုဒ်၌ ပြောကြားထားသည်။ထို့ပြင် Swat, Malakand, Battagram စသည့် ခရိုင်များနှင့် အနီးဝန်းကျင် နယ်မြေများတွင်လည်း နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်ခဲ့ကြောင်း ဒေသခံ Urdu TV ချန်နယ် Samaa က သတင်း တင်ပြထားသည်။

ငလျင်ကြောင့် ဒဏ်ရာရသူနှင့် ပျက်စီးမှု စာရင်းအား လက်ငင်းတင်ပြထားခြင်း မရှိသေးသော်လည်း ဒေသခံများက ၎င်းတို့၏ နေအိမ်အတွင်းမှ အပြေးအလွှား ပြေးထွက်လာကြသည်ကို ဒေသခံ သတင်းများက တင်ပြထားသည်။ယခု လှုပ်ခတ်ခဲ့သော ငလျင်သည် ဖေဖော်ဝါရီလ ၉ ရက်က နိုင်ငံ အနောက်တောင်ပိုင်း Pasni ဧရိယာတွင် ပြင်းအား ၆.၄ ပမာဏရှိသော ငလျင်နှင့် ၅.၃ ပမာဏရှိသော ငလျင် နှစ်ခု၏ နောက်ဆက်တွဲ ငလျင် တစ်ခု ဖြစ်ကြောင်း သိရသည်။ပါကစ္စတန်နိုင်ငံသည် ငလျင် အများဆုံး လှုပ်ခတ်လေ့ရှိသော ဧရိယာ အတွင်း တည်ရှိနေသည့် နိုင်ငံ တစ်ခု ဖြစ်သည်။ ပထဝီအနေအထားအရ ပါကစ္စတန်နိုင်ငံသည် အိန္ဒိယနိုင်ငံ ပြတ်ရွေ့ ငလျင်ဇုန် တောင်ဘက်နှင့် ဥရောပ-အာရှ ပြတ်ရွေ့ကြော၏ မြောက်ပိုင်းပေါ်တွင် တည်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117