Connect with us

Europe

ပြင်သစ်နိုင်ငံ ပဲရစ်မြို့အနီး မီးလောင်မှုဖြစ်ပွား၊ ကလေးငယ် ၅ ဦးနှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိ


ပဲရစ်၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်အနီးရှိ Aubervilliersမြို့တွင် သြဂုတ် ၁၉ ရက် ညပိုင်းက မီးအကြီးအကျယ် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒဏ်ရာရသူများအနက် ကလေးငယ် ၅ ဦးနှင့် အမျိုးသမီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ပြင်သစ် Europe1 အသံလွှင့်ဌာန၏သတင်းများအရ သိရသည်။

အခင်းဖြစ်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာစဉ်(ဆင်ဟွာ)

အခင်းဖြစ်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာစဉ်(ဆင်ဟွာ)

အဆိုပါမီးလောင်မှုမှာ သြဂုတ် ၁၉ ရက် ဒေသစံတော်ချိန် ည ၇ နာရီခန့်က Aubervilliersမြို့ ဒေသန္တရအစိုးရရုံးအနီးရှိ လူနေတိုက်တစ်ခုမှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ၊ မီးလောင်မှုဖြစ်ပွားသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။မီးလောင်မှုတွင် လူအများအပြားကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပဲရစ်မီးသတ်ဌာနက ယင်းနေ့ ည က တွစ်တာ၌ရေးသားခဲ့သော်လည်း အခြားသတင်းများကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။ (Xinhua)