Connect with us

Europe

အမေရိကန်၏ ဥရောပ မဟာမိတ်နိုင်ငံများအပေါ် စောင့်ကြည့်နားထောင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် ဆွီဒင်ဝန်ကြီးချုပ် တောင်းဆို

ဆွီဒင်နိုင်ငံဝန်ကြီးချုပ် Stefan Löfven က အီးယူ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ပြင်ဆင်နေစဉ်(ဓာတ်ပုံ-ဥရောပသမဂ္ဂ)

စတော့ဟုမ်း ၊ ဇွန် ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ လွန်စွာ ဆိုးရွားသောလုပ်ရပ်ဖြစ်သည့် ဒိန်းမတ်နိုင်ငံမှ တစ်ဆင့် ဥရောပတိုက် မဟာမိတ်နိုင်ငံများအပေါ် စောင့်ကြည့်နားထောင်မှုများနှင့် ပတ်သက်၍ မဖြစ်မနေ စုံစမ်းစစ်ဆေးသွားရမည်ဖြစ်ကြောင်း ဆွီဒင်နိုင်ငံဝန်ကြီးချုပ် Stefan Löfven က ဇွန် ၁ ရက်၌ ပြောကြားခဲ့သည်။ဆွီဒင်နိုင်ငံ ရုပ်သံလိုင်း၏တင်ဆက်မှုအရ ဆွီဒင်နိုင်ငံဝန်ကြီးချုပ် Stefan Löfven သည် ဇွန် ၁ ရက်က ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel ၊ အီးယူကော်မတီဥက္ကဋ္ဌ Ursula von der Leyen တို့နှင့်တွေ့ဆုံခဲ့ရာတွင် အကယ်၍ စောင့်ကြည့်နားထောင်မှုလုပ်ရပ်သည် မှန်ကန်ခဲ့မည်ဆိုပါက ယင်းမှာ မဟာမိတ်နိုင်ငံများအပေါ် ကျူးလွန်သည့် လွန်စွာဆိုးရွားသော ကိစ္စရပ်ဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် ယခုချိန်၌ မဖြစ်မနေ စုံစမ်းစစ်ဆေးမှုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆွီဒင်နိုင်ငံဝန်ကြီးချုပ် Stefan Löfven က ဆွီဒင်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Peter Hultqvist အနေဖြင့် အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဒိန်းမတ်နိုင်ငံ အရာရှိများနှင့် ဆက်သွယ်ပြောဆိုမှု ဆောင်ရွက်နေပြီဖြစ်ကြောင်း ၊ အဆိုပါစောင့်ကြည့်နားထောင်မှု ကိစ္စရပ်ဖြစ်ပွားခဲ့ခြင်းရှိမရှိ ၊ မည်သူများက စောင့်ကြည့်နားထောင်မှုခံခဲ့ရခြင်း နှင့် ၎င်းတို့က မည်ကဲ့သို့ စောင့်ကြည့်နားထောင်မှု ဆောင်ရွက်ခဲ့ခြင်း စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

ဒိန်းမတ် အသံလွှင့် ကုမ္ပဏီ (Danmarks Radio) ၏ မေလ ၃၀ ရက်၌ ထုတ်လွှင့်ခဲ့သည့် အထူးသတင်းတွင် အမေရိကန်နိုင်ငံအမျိုးသားလုံခြုံရေးအေဂျင်စီ (National Security Agency) က ဒိန်းမတ် အမျိုးသားကာကွယ်ရေး သတင်းအချက်အလက်ဌာန မှ တစ်ဆင့် ဒိန်းမတ် အင်တာနက်ကွန်ရက်အတွင်းသို့ ချိတ်ဆက်ဝင်ရောက်ကာ မူရင်းအချက်အလက်များအား ရယူ၍ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Angela Merkel အပါအဝင် ပြင်သစ် ၊ ဆွီဒင် နှင့် နော်ဝေ စသည့် ဥရောပတိုက်မဟာမိတ်နိုင်ငံများ၏ ခေါင်းဆောင်များနှင့် ထိပ်တန်းအရာရှိများကို စောင့်ကြည့်နားထောင်မှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ဥရောပတိုက် နိုင်ငံအများက အလွန်အလေးထားစောင့်ကြည့်စရာဖြစ်ခဲ့ရပြီး အဆိုပါ စောင့်ကြည့်နားထောင်မှု ဖြစ်ရပ်သည် မှန်ကန်ပါက လွန်စွာဆိုးရွားသည့် လုပ်ရပ်မျိုးဖြစ်သောကြောင့် လုံးဝလက်ခံနိုင်စရာမရှိကြောင်း ၊ ဒိန်းမတ် နှင့် အမေရိကန်နိုင်ငံ များအနေဖြင့် အမြန်ဆုံး ဖြေရှင်းမှု ပြုလုပ်ပေးကြရန် တောင်းဆိုထားကြောင်း သိရှိရသည်။ (Xinhua)

——————————————
(Chinese Version)

(国际)瑞典首相要求彻查美国监听欧洲盟国丑闻

新华社斯德哥尔摩6月1日电(记者和苗)瑞典首相勒文1日表示,必须彻查美国情报部门通过丹麦可能对欧洲盟国进行监听的严重事件。
据瑞典电视台报道,勒文当天在布鲁塞尔会见欧洲理事会主席米歇尔和欧盟委员会主席冯德莱恩时说,“如果(监听事件)属实,对盟国的监听当然是很严重的事情。因此,我们现在必须彻查此事。”

他说,瑞典国防大臣胡尔特奎斯特已就此事与丹麦和挪威官员进行了沟通,并就该事件是否已发生,哪些人受到了监听以及他们如何被监听等问题展开调查。

丹麦广播公司5月30日推出特别报道,揭露美国国家安全局通过丹麦国防情报局接入丹麦互联网获取原始数据,以监听德国总理默克尔以及法国、瑞典、挪威等欧洲盟国领导人和高级官员。对此,欧洲多国高度关注,认为如此事属实,其性质恶劣、不可接受,并敦促丹麦、美国尽快作出解释。(完)

Photo
12月10日,瑞典首相斯特凡•勒文抵达比利时布鲁塞尔的欧盟总部,准备出席欧盟冬季峰会。新华社发(欧盟供图)