Connect with us

North America

အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် လွှတ်တော်အမတ်ဟောင်းကို ထရမ့် အမည်စာရင်းတင်သွင်းရန် ရည်ရွယ်ထား

အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် အမည်စာရင်း တင်သွင်းခံရသော လွှတ်တော်အမတ်ဟောင်း ဂျွန်လင်ဒါအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ မတ် ၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဂျော်ဂျီယာပြည်နယ်မှ လွှတ်တော်အမတ်ဟောင်း ဂျွန်လင်ဒါ (John Linder) အား အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် အမည်စာရင်းတင်သွင်းရန် ရည်ရွယ်ထားကြောင်း အိမ်ဖြူတော်က မတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။

လင်ဒါသည် လွှတ်တော်တွင် ၁၉၉၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဂျော်ဂျီယာပြည်နယ်၏ အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း အိမ်ဖြူတော်မှထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်သော ရီပက်ဘလစ်ကန်အမတ် လင်ဒါသည် အမိမြေလုံခြုံရေးဆိုင်ရာ လွှတ်တော်ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သလို နျူကလီးယားနှင့် ဇီဝဗေဒဆိုင်ရာ တိုက်ခိုက်မှု ကာကွယ်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကြောင်း ကြေညာချက်တွင် ပြောကြားထားသည်။

လင်ဒါအား အမည်စာရင်းတင်သွင်းမှုကို အထက်လွှတ်တော်မှ အတည်ပြုချက်ရယူရမည် ဖြစ်သည်။အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်နေရာ လစ်လပ်မှုမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလကတည်းက ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117