Connect with us

North America

အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီး နုတ်ထွက် ပြီးနောက် လေတပ် ဝန်ကြီး ရာထူး မှ နုတ်ထွက်

အမေရိကန် နိုင်ငံ လေတပ် ဝန်ကြီး ဟဲသာ ဝယ်ဆန် (Heather Wilson) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မတ် ၉ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ လေတပ် ဝန်ကြီး ဟဲသာ ဝယ်ဆန် (Heather Wilson) က မတ်လ ၈ ရက် ၌ ရာထူး မှ နုတ်ထွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ရာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဂျင် မက်တီးစ် ( Jim Mattis ) ရာထူး မှ နုတ်ထွက်ပြီးနောက် ပထမ ဦးဆုံး ရာထူး မှ နုတ်ထွက် ခဲ့သည့် စစ်ဘက်ဆိုင်ရာ အရာရှိ ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ လေတပ် ဝန်ကြီး ဟဲသာ ဝယ်ဆန် ၏ ရာထူး မှ နုတ်ထွက်ခြင်း က မေလ ၃၁ ရက် တွင် တရားဝင် အသက်ဝင်မည် ဖြစ်ပြီး ၎င်း အား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ တွင် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ရာထူး ခန့်အပ် ခဲ့ခြင်းဖြစ်ကာ ၂၀၁၇ ခုနှစ် မေလ တွင် လွှတ်တော် က အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ လေတပ် ဝန်ကြီး က လေတပ် ၏ အမြင့်ဆုံး ရာထူး တစ်ခု ဖြစ်ပြီး အမေရိကန် ကာကွယ်ရေး ဝန်ကြီး သို့မဟုတ် ဒုတိယ ကာကွယ်ရေး ဝန်ကြီး ထံသို့ လုပ်ငန်း အစီရင်ခံစာ တင်ပြပေးရကာ အမေရိကန် လေတပ် ၏ ကိစ္စရပ်များ အားလုံး ကို တာဝန်ယူ ဆောင်ရွက်ရသည့် ရာထူး ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၈ ခုနှစ် အမေရိကန် အထွေထွေ ရွေးကောက်ပွဲ အပြီးတွင် ဒေါ်နယ်ထရမ့် အစိုးရ အဖွဲ့ အတွင်း မှ အရာရှိများစွာ ရာထူး မှ နုတ်ထွက်ခဲ့ကြကြောင်း ၊ ၎င်းတို့အနက် အမေရိကန် ဥပဒေရေးရာ ဝန်ကြီး ၊ ကာကွယ်ရေး ဝန်ကြီး နှင့် အိမ်ဖြူတော် အရာရှိချုပ် တို့ ပါဝင်ကြောင်း သိရှိရသည်။(Xinhua)