ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) လားရှိုးမြို့၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးဒဏ်ရာရသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်တွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာနမှ ထုတ်ပြန်ခဲ့သည်။
ကဘူးလ်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ် ဆာဝါလီကော့ခရိုင်တွင် ဒီဇင်ဘာလ ၁၆ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကလေးငယ် ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဒီဇင်ဘာလ ၁၇ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဂျာလာလာဘတ်၊ အာဖဂန်နစ္စတန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းနန်ဂါဟာပြည်နယ်ရှိ ဗလီကျောင်းတစ်ခုတွင် ယနေ့ (ဒီဇင်ဘာလ ၈ ရက်) ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရပ်သား တစ်ဦး သေဆုံးပြီး အခြားသူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၄ ဦး သေဆုံးပြီး အခြားသူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအနက် အမျိုးသမီးများနှင့် ကလေးများ ပါဝင်ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြထားသည်။
ဟို့စ်တန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟို့စ်တန်မြို့လယ် Whitehall ဟိုတယ်ရှိ မြေအောက် လျှပ်စစ်ဆိုင်ရာ အခန်းတွင် နိုဝင်ဘာလ ၁၀ ရက်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ လူ နှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဟို့စ်တန် မီးသတ်ဋ္ဌာန (HFD) ထံမှ သိရသည်။
အစ္စလာမ်မာဘတ်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပါရာချီနာမြို့ရှိ လူစည်ကားရာ ဈေးတစ်ခုတွင် ဇွန်လ ၂၃ ရက်က ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ရာ သေဆုံးသူ ဦးရေသည် ၆၇ဦးအထိ မြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူများက ဇွန်လ ၂၅ ရက်တွင်ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်း၌ ယနေ့ ဇွန်လ ၁၉ ရက်တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ စစ်သား ငါးဦး သေဆုံးခဲ့ပြီး အခြားလူ လေးဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဘွန်ဂိုတာ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာရှိ ရှော့ပင်းမောလ် တစ်ခုတွင် ဇွန်လ ၁၇ ရက်က ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပွားခဲ့ရာ အမျိုးသမီး သုံးဦး သေဆုံးပြီး အခြားလူ ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာ ဖော်ပြချက်အရ သိရသည်။
ဘန်ကောက်၊ မေ ၁၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အမျိုးသားကဇာတ်ရုံ အရှေ့တွင် မေ ၁၅ ရက် ညပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ထိုင်းအမျိုးသမီး ၂ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ထိုင်းမီဒီယာတစ်ခုကပြောကြားခဲ့သည်။
ဒေါ့မွန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း ဒေ့ါမွန်မြို့ တွင် ဧပြီ ၁၁ ရက် က ဂျာမနီဘောလုံးအသင်းဖြစ်သည့် ဒေါ့မွန်ဘောလုံးအသင်းမှ ကစားသမားများလိုက်ပါလာသော ဘတ်စ်ကားကို ပစ်မှတ်ထား၍ ဖောက်ခွဲမှု သုံးခု ပြုလုပ်ခဲ့ရာ ကစားသမားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦး ကပြောကြားခဲ့သည်။