ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် တစ်ရက်အတွင်း ၁.၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar)၏ ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့သည် သံလွင်မြစ်ကူးတံတား(တာကော်)ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သြဂုတ် ၂၇ ရက် နေ့လည်ပိုင်းက ငွေကျပ် ၃၂ ဘီလီယံခန့်တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။