နေပြည်တော်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) အိန္ဒိယ သမ္မတနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Sunil Lanba, PVSM, AVSM, ADC ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဦးမြင့်ဆွေအား ယနေ့ညနေပိုင်းတွင် လာရောက် တွေ့ဆုံ ဂါရ၀...
ဘေရွတ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Michel Aoun သည် လက်ဘနွန်နိုင်ငံ၏ ၁၃ ဦးမြောက် သမ္မတအဖြစ် အောက်တိုဘာလ ၃၁ ရက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး နှစ်နှစ်ခွဲနီးပါး သမ္မတနေရာ လစ်လပ်နေမှုအား အဆုံးသတ်စေခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် နောက်သုံးရက်အတွင်း မုန်တိုင်း တစ်လုံးဖြစ်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
ရန်ကုန် ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံအတွက် လှူဒါန်း ပေးပို့သည့် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့အောက်တိုဘာ ၃၁ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ...
ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ကုန်သေတ္တာတင် ကွန်တိန်နာယာဉ် ကြီးများကို နိုဝင်ဘာ ၁ရက်နေ့မှစပြီး အချိန်အကန့်အသတ်ဖြင့်သာ ဝင်ရောက်ပြေးဆွဲရန် ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း ညှိုနှိုင်းဆွေးနွေးမှု မပြီးပြတ်သေးသဖြင့် နိုဝင်ဘာလလယ်သို့ ရွှေ့ဆိုင်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
ရီယာ့ဒ်၊ နိုဝင်ဘာ ၁ရက် (ဆင်ဟွာ) ဆော်ဒီ ဘုရင် Salman bin Abdulaziz Al Saud သည် နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး အား အောက်တိုဘာ ၃၁ရက်က ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း ဆော်ဒီသတင်းဋ္ဌာန က ဖော်ပြခဲ့သည်။ တော်ဝင်အမိန့်အရ ဘဏ္ဍာရေးဝန်ကြီး Ibrahim Al...
ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ်အသီးသီးမှ နေ့စဉ်ထွက်ရှိသည့် အမှိုက်တန်ချိန် ၂ဝဝဝ အတွက် အမှိုက်မှ လျှပ်စစ်ထုတ်လုပ်နိုင်မည့် မီးရှို့စက် တည်ဆောက်ရန် လိုအပ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမှ ဟံသာဝတီ လေဆိပ်(ပဲခူး)အထိ ဖောက်လုပ်ရန် လျာထားသော အထပ်မြင့် အမြန်လမ်းမကြီးအား အမေရိကန်ဒေါ်လာ သန်း ၆၂ဝ ခန့် ကုန်ကျခံတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ဒိန်းမတ်၊ နိုဝင်ဘာ ၁ရက် (ဆင်ဟွာ) ဒိန်းမတ်နိုင်ငံ Jutland ကျွန်းဆွယ် တွင် အောက်တိုဘာ ၃၀ရက် က အသက် ၂၇နှစ်အရွယ် ဆီးရီးယား အမျိုးသမီးတစ်ဦး နှင့် ၎င်း၏ သမီး နှစ်ဦးအား ရေခဲသေတ္တာတစ်ခုအတွင်း သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း ရဲသတင်းရင်းမြစ်များကို ကိုးကား၍ ပြည်တွင်းမီဒီယာတစ်ခုက အောက်တိုဘာ၃၁ရက်တွင်ဖော်ပြခဲ့သည်။
မွန်တီဗီဒီယို ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) ဥရုဂွေးနိုင်ငံသမ္မတ Tabara Vazquez က ၂ဝ၃ဝ ပြည့်နှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် အောင်မြင်စွာကျင်းပနိုင်ရန် အာဂျင်တီးနားနိုင်ငံသမ္မတ Mauricio Macri နှင့်အတူ ပူးတွဲကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း အောက်တိုဘာလ ၃၁ ရက်တွင်ကြေညာခဲ့သည်။