ခတ္တမန္ဒူ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံသမ္မတ ပရာနပ် မူခါဂျီ သည် နီပေါနိုင်ငံသမ္မတ Bidya Devi Bhandari ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂ မှ ၄ရက်အထိ နီပေါနိုင်ငံသို့ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း နီပေါနိုင်ငံ က အောက်တိုဘာ ၂၉ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) ၂ဝ၁၇ ခုနှစ် မေလမှ စတင်ကာ သစ်အချောထည် နှင့် အကြမ်းထည်များ ပြည်ပ တင်ပို့မှုကို ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ် မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံး မှ ဝန်ထမ်းများ၏ မိသားစုဝင်များအား လုံခြုံရေးအရ အစ္စတန်ဘူလ်မြို့မှ ထွက်ခွာရန် အမေရိကန်နိုင်ငံက အောက်တိုဘာ ၂၉ ရက်တွင် ညွှန်ကြားခဲ့ကြောင်း သိရသည်။
ဟူပေ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ကြီးကျယ်ခမ်းနားသော Chishi တံတားကြီးကို တရုတ်နိုင်ငံ ဟူပေပြည်နယ် Yizhang စီရင်စုတွင် ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။အဆိုပါ တံတားကြီးသည် အမြင့်ဆုံးတိုင်လုံးများဖြင့် အရှည်ဆုံး ကြိုးတံတားတစ်စင်းအဖြစ်တည်ဆောက်ထားခြင်းဖြစ်ပြီး၊ ကွန်ကရိသံနန်းကြိုးများစွာ တပ်ဆင် ထားသည့် တံတားအမျိုးအစားဖြစ်သည်။ ရှီအန်းမင်-ချန်ဒူး အဝေးပြေးလမ်း၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည့်အဆိုပါ တံတားမှာ တောင်ကြိုတောင်ကြားများကိုပါ...
ဟနွိုင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလုပ်သမား၊ မသန်စွမ်းများနှင့် လူမှုရေးရာဝန်ကြီးဋ္ဌာန လက်အောက်ရှိ အလုပ်သမားနှင့် လူ့အဖွဲ့အစည်း (Lao Dong & Xa Hoi) သတင်းစာ အယ်ဒီတာချုပ် ငုယင် တန် ဖုန်သည် လောင်းကစားမှုဖြင့် ထိန်းသိမ်းခြင်းခံထားရကြောင်း ဟနွိုင်း ရဲတပ်ဖွဲ့က...
ဘရပ်ဆဲစ်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ဥရောပ သမဂ္ဂ (EU) -ကနေဒါ ထိပ်သီး အစည်းအဝေးအား အောက်တိုဘာလ ၃၀ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တက်စ် (Donald Tusk) က အောက်တိုဘာလ ၂၈...
ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) မြန်မာ့လက်ရွေးစင် ယူ-၁၄အသင်း နည်းပြချုပ် အဲရစ်ဝီလျံသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ နှစ်ဘက်သဘောတူညီချက်အရ စာချုပ်ဖျက်သိမ်း လိုက်ကြောင်း ယနေ့အောက်တိုဘာ ၂၉ ရက်တွင် MFF မှ သတင်း ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် စတင်မည့် သုံးနှစ်တာ သက်တမ်း အတွက် တရုတ်နိုင်ငံနှင့် အခြား ၁၃ နိုင်ငံအား အဖွဲ့ဝင်အဖြစ် ရွေးချယ်လိုက်ကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) ကြားဖြတ်ရွေးကောက် ပွဲပြုလုပ်မည့် မြို့နယ်များတွင် မဲဆန္ဒရှင် စာရင်းအား ပြည့်စုံ မှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မဲစာရင်း ကောက်ယူခြင်းကို ၂၀၁၅ ခုနှစ် မဲစာရင်းအပေါ် အခြေခံ၍ ပြင်ဆင်ခြင်း/ ဖြည့်စွက်ခြင်း/ ပယ်ဖျက်ခြင်းများအား...
ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) ဇီကာ ဗိုင်းရပ်စ် ရောဂါ ကူးစက် ဖြစ်ပွားမှု မရှိစေရေး အကောင်းဆုံး ကာကွယ်နည်းမှာ ခြင်ကျား ပိုးလောက် လမ်း နှိမ်နင်းရေး နှင့် ခြင်ကိုက်မခံရအောင် နေထိုင်ရေး ဖြစ်ကြောင်း ဗဟို ကူးစက် ရောဂါ တိုက်ဖျက်ရေး ဌာနမှ...