ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ကုန်သည်စက်မှုအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့သစ် ဖြစ်သည့် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ဦးဆောင်သည့် ကုန်သည်စက်မှုအသင်းချုပ် ၂၀၁၆-၂၀၁၉ သက်တမ်းအတွက် ရွေးချယ်ခံ အလုပ်အမှုဆောင်အဖွဲ့သစ်သည် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးအပြီးတွင် အသင်းချုပ်တာဝန်များကို စတင်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း ကုန်သည်စက်မှုလက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တောင်သူလယ်သမားများ၏ စပါးဈေးနှုန်းများ ကျဆင်းမှုအတွက် အစိုးရအနေဖြင့် ပံ့ပိုးမှုများ ဆောင်ရွက်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
ဟနွိုင်း၊ အောက်တိုဘာ ၃၁ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ကုန်းမြင့်ဒေသ တွင် ဦးခေါင်းသေးငယ်စွာ မွေးဖွားလာသည့် ကလေးငယ်တစ်ဦးသည် ဇီကာဗိုင်းရပ်စ် နှင့် များစွာ ဆက်နွယ်မှု ရှိနေကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဋ္ဌာန တစ်ခုက အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၊ ကွမ်းလုံကြိုးတံတား၌ ယာဉ်ဝင်ထွက်မှုများ စစ်ဆေးစဉ် ကားပေါ်၌ ကျပ်သိန်း ၇၀၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူမှုန့်များဖမ်းဆီးရမိထားကြောင်း ကွမ်းလုံမြို့နယ် ရဲစခန်းထံမှ သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ ဖိတ်ကြားချက်အရ (ယနေ့) အောက်တိုဘာလ ၃၁ ရက် မှ နိုဝင်ဘာလ ၆ ရက်အထိ မလေးရှားနိုင်ငံဝန်ကြီးချုပ် နာဂျစ်ရာဇာတ်သည် တရုတ်နိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ်လာရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ အလုပ်သမားများအား အနိမ့်ဆုံးလုပ်ခငွေကျပ် ၃၆ဝဝ မှ ၅၆ဝဝ အထိ တိုးမြှင့် သတ်မှတ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး စက်မှုဇုန် ဦးဆောင် ကော်မတီမှ ပူးတွဲအလှည့်ကျ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားသည်။
ရန်ကုန် ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ) “တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တော” စီမံကိန်း စတင်ခြင်း အခမ်းအနား ကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ရန်ကုန် မြို့ရှိ သဘာဝ သမိုင်းပြတိုက်ခန်းမ ၊ ရန်ကုန် တိရစ္ဆာန်ဥယျာဉ် ၌ ကျင်းပ...
ဝါရှင်တန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ အလယ်ပိုင်းတွင် အောက်တိုဘာ ၃၀ရက် နံနက်ပိုင်းက ရစ်ချာစကေး ၆.၆ ရှိသည့် အင်အားပြင်း ငလျင် တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒ စစ်တမ်းကောက်ယူမှု အဖွဲ့ (USGS) က ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) မြန်မာ ယူ-၂၂ အသင်းကို (၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းခြင်း ဖြစ်သော်လည်း ဒီဇင်ဘာလ အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာခြေစမ်းပွဲနှင့် ဖိတ်ခေါ်ပြိုင်ပွဲတို့အတွက် လေ့ကျင့်ပြင် ဆင်ခြင်းဖြစ်ကြောင်း၊ မြန်မာ ယူ-၂၂ အသင်းကို ကစားသမား ၃၆ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး...
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ACM-ICPC အဖွဲ့၏ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးမှုဖြင့် 2016 Asia-Yangon Regional Programming Contest ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။