ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၌ ဒီရေတောစိုက်ခင်း ဧက ၁၂၃၀ ကို ဆယ်နှစ်စီမံကိန်း အဖြစ်စိုက်ပျိုးရန် စီစဉ်နေကြောင်း အမျိုးသားလွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးတွင် သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန် ကြီးဦးအုန်းဝင်းက ပြောကြားသည်။
ကိုင်ရို၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည် ဖော်ဆောင်ရာတွင် အထောက်အပံ့ ဖြစ်စေရန်အတွက် ဆယ်နှစ်ကြာ ပိတ်ထားခဲ့သော ကိုင်ရိုမြို့ရှိ အမဲလိုက်ပြတိုက် (Hunting Museum) အား ဖေဖော်ဝါရီလ ၇ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။
လုအန်ဒါ ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) အင်ဂိုလာနိုင်ငံ Uige မြို့မြောက်ပိုင်းရှိ ဘောလုံးကစားကွင်း တစ်ခုအတွင်း၌ ပရိသတ်ကြား အချင်းချင်း တိုးဝှေ့ရာမှ အနည်းဆုံး လူပေါင်း ၁၇ ဦးသေဆုံးသွားကြောင်း ဒေသတွင်းသတင်းဌာနများ၏ ဖေဖော်ဝါရီလ ၁ဝ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ဂျကာတာ ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဘာလီကျွန်း၌ ယနေ့(ဖေဖော်ဝါရီ ၁၁ ရက်)တွင် မြေပြိုမှု ထပ်မံဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ စုစုပေါင်း ၁၃ ဦးထိရှိလာပြီး အခြား ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဘာလီသဘာဝဘေးအန္တရာယ်အေဂျင်စီမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မင်္ဂလာတော်ဝင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ပိုင် မြေစာပုံ ကမ်းပါးပြိုကျမှုကြောင့် လူ ကိုးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ ရေးသားပို့ချသည့် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ သိကောင်းစရာများအား Mobile Device (မိုဘိုင်းဒီဘိုက်) များဖြင့် ဖတ်ရှုနိုင်စေရန် စာမျက်နှာများအား ချိန်ညှိပေးထားကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းတို့တွင် တရားမဝင်ပိတောက်သစ် တန် ၁၀၀ကျော်ကို ယနေ့ ဖေဖော်ဝါရီ ၁၀ရက် နေ့လည် ၂နာရီကျော်တွင် ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးတို့အတွက် ရဲတပ်ဖွဲ့ဝင် အင်အား တိုးမြှင့် ဖြည့်တင်းနိုင်ရန် စီမံချက်များ ချမှတ်ပြီး အလေးထား ဆောင်ရွက်လျက် ရှိသည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်...
ကန်ဘာရာ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ နိုင်ငံ ထိပ်တန်း စီးပွားရေး ခေါင်းဆောင်နှင့် ဗျူရိုကရက်များအား ပေးဆောင်ရသည့် လစာများပြားနေခြင်းအား ဝန်ကြီးချုပ် မဲလ်ကွန် တန်ဘူးလ် (Malcolm Turbull) က ဖေဖော်ဝါရီလ ၁၀ ရက်တွင် ဝေဖန် ပြောဆိုလိုက်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) နိုင်ငံ၏ စီးပွားရေးတိုးတက်ရန် ကိုယ့်ကိုယ်ကို အားကိုးရမည်ဖြစ်သော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမရှိဘဲ လိုအပ်သော စီးပွားရေးတိုးတက်မှုများ မရနိုင်သည့်အတွက် အထူးစီးပွားရေးဇုန်များ၏ အခန်းကဏ္ဍသည် ပိုမိုအရေးပါ ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။