ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ အခွန်လွတ်ဈေးအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ဖေဖေါ်ဝါရီလ ၇ ရက်၊ ည ၈ နာရီဝန်းကျင်ခန့်က ယာဉ် ၅ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ရေကြီးမှုကြောင့် အလုပ်ရုံများ ပျက်စီးသွား၍ အလုပ်လက်မဲ့ဖြစ်နေသော အလုပ်သမားများအား ထိုင်းနိုင်ငံလူမှုဖူလှုံရေးဋ္ဌာန က ထောက်ပံ့ကြေးပေးအပ်သွားမည်ဖြစ်ကြောင်း ဋ္ဌာန၏ အတွင်းရေးမှူးချုပ် Suradej Waleeittikul က ဖေဖော်ဝါရီ ၈ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ကန်ဘာရာ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ (Wang Yi) နှင့် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ (Julie Bishop) တို့သည် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ဖေဖော်ဝါရီလ ၇ ရက်က ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် သံလျှက်မော် တောင်ရပ်ကွက် အကွက် ၄၄၆ သနပ်ပင်ရပ်တွင် ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ရွှေဖူးလွှာ ဓါတ်ပုံဆိုင်မှ မီးစတင် လောင်ကျွမ်းခဲ့ပြီး အိမ်ခြေ (၁၈)လုံး...
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယ(၁၀)ရက်ပတ်တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း(၁)ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ဒမတ်စကက်စ်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကက်စ်မြို့အရှေ့ဘက် ရှိ သူပုန်များထိန်းချုပ်ထားသော နယ်မြေများကို ပစ်မှတ်ထား၍ လေကြောင်း စစ်ဆင်မှု အကြိမ် ၂၀ ပြုလုပ်ခဲ့ပြီး သေဆုံးသူအရေအတွက် ကို မသိရှိရသေးကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ ကြိုတင် ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများအတွက် ၅ နှစ် စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အန်ကာရာ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ဂူလန်နစ် အကြမ်းဖက်အဖွဲ့ (Gulenist Terror Group) (FETO) နှင့် ချိတ်ဆက်မှုရှိကြောင်း သံသယရှိခြင်း ခံရပြီးနောက် တူရကီ နိုင်ငံ အစိုးရဝန်ထမ်း ဦးရေ ၄,၅၀၀ အား ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ပြစ်မှုဆိုင်ရာ အမိန့် တစ်ရပ်ကို...
ကန်ဘာရာ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ ဆက်ဆံရေး တည်ထောင်လာသည်မှာ နှစ်ပေါင်း ၄၀ နီးပါး ရှိလာခဲ့သလို ဆက်ဆံရေး တိုးတက်မှု အရှိန်မပျက် တိုးတက်လျက်ရှိကြောင်း သြစတြေးလျနိုင်ငံ ကန်ဘာရာမြို့သို့ အလည်အပတ် ရောက်ရှိနေသည့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီလ ၇...
ဟူစတန် ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လူဝီစီးယားနားပြည်နယ် တောင်ပိုင်းဒေသ၌ ဖေဖော်ဝါရီလ ၇ ရက် ညနေပိုင်းက တိုက်ခတ်ခဲ့သော တိုနာဒိုး မုန်တိုင်းဒဏ်ကြောင့် လူနေအိမ်ပေါင်း ၂၅ဝ လုံးပျက်စီးခဲ့ပြီး အနည်းဆုံးလူပေါင်း ၂၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။