ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသော အရေးကိစ္စရပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်း နှင့် ကမ္ဘာ့အဖွဲ့အစည်း အနေဖြင့် စိတ်ရှည်သည်းခံကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးက နိုဝင်ဘာ ၂ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် နိုဝင်ဘာ ၁၀ ရက်မှ ၁၄ရက် အထိ ဗီယက်နမ်နိုင်ငံ နှင့် လာအိုနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက နိုဝင်ဘာ ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
နယူးဒေလီ ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံအရှေ့ပိုင်း Odisha ပြည်နယ်ရှိ လူနေအိမ်တစ်လုံးထဲသို့မိကျောင်းတစ်ကောင်ဝင် ရောက်မှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၂ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် ဘားအံမြို့မှ အမြင့်ပေ ၂၇၃၄ ပေရှိ ဇွဲကပင် တောင်ပေါ်သို့ တက်ရောက်ရန် ကောင်းကင် ကေဘယ်ကား တည်ဆောက် တပ်ဆင်ရေး လုပ်ငန်းကို တပေါင်းပွဲတော်အမီ ပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) “မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်” ဟု ဆိုသကဲ့သို့ တန်ဆောင်မုန်းလတွင် ထင်ရှားသော ပွဲတော် တစ်ခု ဖြစ်သည့် ကထိန်ပွဲခင်းခြင်း(ဝါ) ကထိန် သင်္ကန်း ကပ်လှူသည့် ကထိန်ပွဲများအား နိုင်ငံ အနှံ ၊ မြို့အနှံ ခြိမ့်ခြိမ့်သဲ စည်ကားစွာ ကျင်းပ...
ပြုံယမ်း ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဒေသတွင်း တင်းမာမှုဖြစ်ပွားလျက်ရှိသည့် ကိုရီးယားကျွန်းဆွယ်အပေါ် အမေရိကန်လေတပ်မှ B-1B မဟာဗျူဟာမြောက် ဗုံးကျဲလေယာဉ် ဖြတ်ကျော်ပျံသန်းခဲ့ခြင်းအပေါ် မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံအား ယနေ့( နိုဝင်ဘာ ၃ရက်)တွင် ပြစ်တင်ပြောကြားလိုက်သည်။
ရန်ကုန် နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများသည် တစ်နေရာတည်းတွင် တစ်ခဏတာလုပ်ရမည့်အလုပ်မဟုတ်ဘဲ ရေရှည်စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဖြစ်ပါကြောင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) ရွှေတိဂုံစေတီတော်တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော (၃၃)ကြိမ်မြောက် မသိုးသင်္ကန်းရက် ပြိုင်ပွဲကို နိုဝင်ဘာ ၂ ရက် (တန်ဆောင် မုန်းလဆန်း ၁၄ ရက်-အဖိတ်နေ့ည)တွင် စေတီတော်အောင်မြေ၌ ကျင်းပလျှက် ရှိကြောင်း သိရသည်။
လော့အိန်ဂျလိစ်၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုလော့စ်အိန်ဂျလိစ်ရှိ Long beach တွင် ၁၇ကြိမ်မြောက် Haute Dog Howl’oween Parade အချစ်တော်ခွေးလေးများရဲ့ ဟောလိုးဝင်းလမ်းလျှောက်ပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့သည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ထိုပွဲတော်တွင် ယခုနှစ်၌ ခွေးအကောင်ရေ ၅ဝဝ ခန့်ပါဝင်ဆင်နွှဲခဲ့သည်။ အကောင်းဆုံးဝတ်စားဆင်ယင်နိုင်သည့်ခွေးအတွက်...
ရန်ကုန် ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် ဝိုင်းဖွဲ့၍ အရက်သေစာ သောက်စားမူးယစ်သူများကို ရန်ကုန်ရဲအက်ဥပဒေဖြင့် ဖမ်းဆီးအရေးယူလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။