ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် ငွေကျပ် ၄၄၄ သိန်း တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဟူနန်၊ မတ် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှိ ထျန်အန်းမင်တောင်ရှိ Heaven Gate တံခါးဝသို့ ဦးတည်သော မတ်စောက်သည့် လှေခါး ၉၉၉ ထစ်ရှိတောင်တက်လမ်းကို Formula E ကားပြိုင်ပွဲ ပြိုင်ကားမောင်းသူတစ်ဦး ဖြစ်သည့် တရုတ်-ဒတ်ချ် ကပြား Ho Pin Tung...
ထိုင်ဝမ်၊ မတ် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ က တောင်တရုတ်ပင်လယ် တွင် ၁၉၅ ကီလိုမီတာအရှည်ရှိ ရေအောက်ပိုက်လိုင်းကို ဖောက်လုပ်ပြီးစီးခဲ့ပြီး ဖြစ်ပြီး ၎င်းမှာ ကမ္ဘာ့အရှည်ဆုံး ရေအောက်ပိုက်လိုင်းဖြစ်သည်။ အဆိုပါ ပိုက်လိုင်းဖောက်လုပ်ခြင်းစီမံကိန်းကို အချိန် ၅ လကြာပို၍ဆောင်ရွက်ခဲ့ရသည်။ ထိုပိုက်လိုင်းမှ တစ်ဆင့်သဘာဝဓါတ်ငွေ့များကိုသယ်ယူနိုင်ရန် စီစဉ်ဖောက်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)
ဘာကူ၊ မတ် ၂ ရက် (ဆင်ဟွာ) အဇာဘိုင်ဂျန်နိုင်ငံ မြို့တော်ရှိ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးစင်တာ တစ်ခုတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း မတ်လ ၂ ရက်တွင် ထုတ်ပြန်လိုက်သည့် ပူးတွဲကြေညာချက်၌ အာဏာပိုင်များက ပြောကြားလိုက်သည်။
ရင်းကျန်၊ မတ် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရင်းကျန်းစီရင်စုတွင်လီဆူးအမျိုးသားတစ်ဦးက ခြေဗလာဖြင့်မီးကျွမ်းကျောက်မီးသွေးများပေါ်တွင်ကခုန်ခဲ့သည်။ လီဆူးလူမျိုးတို့၏ အထူးအရေးပါသောနှစ်သစ်ကူးပွဲတော်ကူရှီပွဲတော် တွင်ထိုသို့ကခုန်ပြခဲ့ခြင်းဖြစ်သည်။ လီဆူးတိုင်းရင်းသားများသည် ထူးခြားသည့်ယဉ်ကျေးမှုနှင့်ရှည်လျားသောသမိုင်းကြောင်းပိုင်ဆိုင်သည့်လူမျိုးစုလည်းဖြစ်သည်။(xinh
လန်ဒန်၊ မတ် ၂ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံမှ နှစ်ပေါင်း ၅,၀၀၀ သက်တမ်းရှိသော မမ်မီရုပ်အလောင်း နှစ်ခုတွင် ကမ္ဘာ့ ရှေးအကျဆုံးဟု ထင်ရသည့် တက်တူးများအား သုတေသီများက တွေ့ရှိခဲ့ကြောင်း နောက်ဆုံး လေ့လာမှုတစ်ရပ် အရ သိရသည်။
ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် အစိုးရဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများ ပေါင်းစပ်ကြရန် စဉ်းစားရတော့မည့် အချိန်ကို ရောက်ရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
ဝါရှင်တန်၊ မတ် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှသိပ္ပံပညာရှင်များက -70 ဒီဂရီဆဲပ်စီးယပ်စ်တွင် အသုံးပြုနိုင်သည့် လီသီယမ်ဘက်ထရီ တစ်မျိုးကို တီထွင်နေပြီဖြစ်ရာ နောင်အနာဂတ်တွင် ကမ္ဘာ့အအေးဆုံးဒေသများအပြင် အာကာသတွင်ပါ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ရှန်ဟိုင်း၊ မတ် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် အကြီးဆုံး ဒေသဆိုင်ရာ ကုန်စည်ပြပွဲဖြစ်သည့် ၂၈ ကြိမ်မြောက် East China Fair အား မတ်လ ၁ ရက်တွင် ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။