ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် လက်လုပ်မိုင်း တစ်လုံးအား အသက်သွင်းစဉ် ပေါက်ကွဲပြီး တစ်ဦးသေဆုံးသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ပြန်လည်လက်ခံရေးစခန်းများ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာမည့်သူများအား လက်ခံရေး ဆောင်ရွက်ခဲ့ရာ စတင်လက်ခံသည့်နေ့ ဇန်နဝါရီ ၂၃ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်နေ့ထိ တစ်လကျော်ကြာချိန်ထိ ပြန်လည်ဝင်ရောက်မှု မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အထွေထွေ ရွေးကောက်ပွဲအား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်-ချန်-အိုချာက ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) လမ်းမီးများ ထွန်းညှိခြင်းနှင့် လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းများကို လျှပ်စစ်ဓာတ်အားပေး ကော်ပရေးရှင်းသို့သာ တာဝန်ပေးအပ်သွားရေး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့တော်ဝန်တို့ ညှိနှိုင်းနေကြောင်း ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် မကြာမီ ကျင်းပတော့မည့် ဥပဒေပြုရေးနှင့် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု နှစ်ပတ်လည် အစည်းအဝေးများအတွက် သတင်းစင်တာကို ဖေဖော်ဝါရီလ ၂၇ ရက်က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည် ဖေဖော်ဝါရီ ၂၇ ရက်တွင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ဆော်ဒီအာရေဗျနိုင်ငံ တို့မှ ခေါင်းဆောင်များ နှင့် သီးခြားစီ ဖုန်းပြောခဲ့ပြီး အီရန်နိုင်ငံ ၏ ဒေသတွင်း လွှမ်းမိုးလာမှုကို ပင်လယ်ကွေ့နိုင်ငံများပူးပေါင်း၍...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တွန်ဂါနိုင်ငံ ဘုရင် Tupou VI သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၈ ရက်အထိ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) မန္တလေးမြို့ရှိ ကျုံးတောင်ဘက်နှင့် အနောက်ဘက်တွင် ယခင်ကာရံထားသည့် အကာအရံများကို စတီးလက်ရန်းများဖြင့် အစားထိုးလဲလှယ်ကာရံခြင်းနှင့် လျှောက်လမ်းများ အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ လုပ်ဆောင်နေပြီး လာမည့်မတ်လအတွင်းအပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကီးအက်ဗ်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ ပါလီမန်အနီးတွင် ဖေဖော်ဝါရီ ၂၇ ရက် က ရဲတပ်ဖွဲ့ဝင်များ နှင့် ဆန္ဒပြသူများအကြား ပဋိပက္ခများဖြစ်ပွားရာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) အာရှဘောလုံးအဖွဲ့ချုပ်ဖလား (AFC Cup) အုပ်စုဒုတိယမြောက် ပွဲစဉ်များ၌ မြန်မာကလပ်အသင်းများ နိုင်ပွဲ ကိုယ်စီရရှိထားကြောင်း သိရသည်။