ကဘူးလ် ၊ မတ် ၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်၌ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၂ဝဦးသေဆုံးပြီး အခြားလူပေါင်းများစွာ ပျောက်ဆုံးလျက်ရှိကြောင်း တာဝန်ရှိသူများက ယနေ့(မတ် ၃ ရက်)တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ ရှေးဟောင်းပစ္စည်းများ တူးဖော်ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဂါဇာ၊ မတ် ၃ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်၏ မောင်းသူမဲ့လေယာဉ်များသည် အစ္စရေးနယ်စပ် နှင့် ထိစပ်နေသော ဂါဇာကမ်းမြောင်ဒေသ အရှေ့ဘက်ရှိ စစ်စခန်းများကို မတ် ၂ ရက် က တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများ နှင့် ဂါဇာရှိ ပြည်တွင်း အသံလွှင့်ရုံတစ်ခုက ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ နောင်ချိုမြို့၌ ကျပ် ၁၀,၀၀၀ တန် ငွေစက္ကူအတု ၃၂ ရွက် သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဟာဗားနား၊ မတ် ၃ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel က အမေရိကန်အစိုးရသည် ဗင်နီဇွဲလားနိုင်ငံ စစ်ရေးအရတိုက်ခိုက်ရန် အခွင့်အလမ်းတစ်ရပ်ကို ရှာဖွေရန် ဆက်လက်လုပ်ဆောင်နေကြောင်း မတ် ၂ ရက် က သတိပေးပြောကြားလိုက်သည်။
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်၂၀၁၉ တွင် ရွေးချယ်ခံရသောအသင်းသုံးသင်း နှင့် မြန်မာနိုင်ငံကွန်ပျူ တာအသင်းချုပ်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ MICT Park ရှိ Kanaung Hub ၌ မတ်လ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မနီလာ၊ မတ် ၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း Luzon ကျွန်း ရှိ Ilocos Norte ပြည်နယ် တွင် မတ် ၃ ရက် အရုဏ်တက်ချိန်တွင် အင်အား ၅.၅ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့်...
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီးအတွင်း ပထမဦးဆုံး ဆီသန့်စီမံချက် တစ်ရပ်ကို ၂၀၁၉ ဧပြီ ၁ ရက်မှစတင်လုပ်ဆောင်ရန် လျာထား ပြီး စားသုံးသူများအား မှန်မှန်ကန်ကန် သတင်းအချက်အလက် ပေးရေးနှင့် စားဆီတိုင်းတွင် ဘေးအန္တရာယ်ဖြစ်စေသည့်အရာ များ မပါဝင်စေရန် ယင်းစီမံချက်က ရည်ရွယ်လုပ်ဆောင်မည် ဖြစ်ကြောင်း...
ပေကျင်း ၊ မတ် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂ဝ၁၈ ခုနှစ်တွင် အခြေခံပညာမှ အဆင့်မြင့်ပညာအထိ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူပေါင်း ၁၃၅ သန်းအတွက် ငွေကြေးဆိုင်ရာထောက်ပံ့ကူညီမှုပြုလုပ်ပေးခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရသိရသည်။
ဆာနား ၊ မတ် ၃ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံ၌ ကုလသမဂ္ဂအပစ်အခတ်ရပ်စဲရေးလေ့လာစောင့်ကြည့်မှုအဖွဲ့အကြီးအကဲ ဒိန်းမတ်ဗိုလ်ချုပ်ကြီး Michael Lollesgaard သည် ယီမင်နိုင်ငံ ပင်လယ်နီရှိ အဓိကဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော ဟူဒေးဒါရ်မြို့(Hodeidah) ၌ တိုက်ခိုက်ခံရကြောင်း ယီမင်ဟူတီသူပုန်အဖွဲ့က မတ် ၂ ရက်တွင်ပြောကြားခဲ့သည်။