Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ၁၄ ဦးအထိတိုးလာ

အာဖဂန်နစ္စတန်နိုင်ငံ ဂျော့ဂျန်ပြည်နယ်ရှိ ရေဖုံးလွှမ်းသော ဧရိယာကို ၂၀၂၄ ခုနှစ် မေ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ မေ ၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်နှင့် မြောက်ပိုင်းဆာရီပူပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးမှုဖြစ်ပွားသဖြင့် သေဆုံးသူ ၁၄ ဦးထက်မနည်းရှိကြောင်း အာဏာပိုင်များက မေ ၅ ရက်၌ ပြောကြားသည်။
ပြီးခဲ့သည့်ရက် အနည်းငယ်အတွင်း ဟီရတ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီးမှုကြောင့် လူခုနှစ်ဦးသေဆုံးကြောင်း ဘေးအအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့မှ ပြည်နယ်ညွှန်ကြားရေးမှူး မူဆာအာရှာဟာရီက ပြောကြားသည်။
အလားတူ မိုးသက်မုန်တိုင်းကျရောက်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ဟီရတ်အနီးရှိ ဖာရာ့ပြည်နယ်တွင် တစ်ဦးသေဆုံးကာ ဂေါ်ပြည်နယ်တွင် နှစ်ဦးသေဆုံးကြောင်း ဒေသတွင်းအာဏာပိုင်များကပြောကြားသည်။
နိုင်ငံမြောက်ပိုင်း ဒေသများ၌ လွန်ခဲ့သည့် သုံးရက်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီးမှုကြောင့် ဂျော့ဂျန်နှင့် ဆာရီပူပြည်နယ်တို့တွင် နှစ်ဦးစီသေဆုံးခဲ့ကြောင်း ဒေသတွင်း အာဏာပိုင်များက ပြောကြားသည်။
အာဖဂန်နစ္စတန်နိုင်ငံ၌ ဧပြီလအတွင်း မုန်တိုင်းတိုက်ခတ်မှုများနှင့် ရေကြီးမှုများကြောင့် လူပေါင်း ၇၀ ကျော်သေဆုံးပြီး ၅၀ ဦးမှာ ဒဏ်ရာရရှိကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Death toll rises to 14 in rainstorms, flooding in Afghanistan

KABUL, May 6 (Xinhua) — At least 14 people have been confirmed dead due to a new round of heavy rains and flash floods in the western Herat and northern Sari Pul provinces of Afghanistan as well as adjoining areas over the past couple of days, officials said Sunday.
Heavy rains and flash floods killed seven people in Herat province over the past couple of days, provincial director for the disaster management authority Musa Ashhari confirmed.
Similarly, the rainstorms and flooding claimed one life in Herat’s neighboring Farah province and two in Ghor province over the period, local officials said.
In the country’s northern regions, downpours and flash floods also killed two persons in Jawzjan province and two others in Sari Pul province over the past three days, according to local officials.
Storms and floods had killed more than 70 people and injured about 50 others elsewhere in Afghanistan in April.■

This photo taken on May 5, 2024 shows a flood-affected area in Jawzjan province, Afghanistan. (Photo by Ahmad Zubair/Xinhua)