Connect with us

Africa & Middle East

ကဘူလ်းမြို့၌ လူနာတင်ယာဉ်ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူ ၉၅ ဦးထိ မြင့်တက်လာ


ကဘူးလ် ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ဇန်နဝါရီလ ၂၇ ရက်တွင် အကြမ်းဖက်သမားများက လူနာတင်ယာဉ်တစ်စီးအား ဗုံးဖောက်ခွဲခဲ့ရာ သေဆုံးသူ ၉၅ ဦး နှင့်ထိခိုက်ဒဏ်ရာရသူ ၁၅၈ ဦးထိ ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

Sidarat ရင်ပြင်အနီးဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအတွင်း နောက်ဆုံးစာရင်းများအရ သေဆုံးသူ ၉၅ ဦး နှင့် ဒဏ်ရာရသူ ၁၅၈ ဦးရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ် Whahid Majorh က ဆင်ဟွာသတင်းဌာနသို့ဖုန်းဖြင့် ဖြေကြားခဲ့သည်။

အာဖဂန်နိုင်ငံကဘူးလ်မြို့၌ လူနာတင်ယာဉ်တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နိုင်ငံကဘူးလ်မြို့၌ လူနာတင်ယာဉ်တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ပေါက်ကွဲမှုမှာ Jamhoriat ဆေးရုံရှေ့၌ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅ဝ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တာလီဘန်အကြမ်းဖက်အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။ အကြမ်းဖက်သမားများသည် ဆေးရုံလူနာတင်ယာဉ်ကို အသုံးပြု၍ အခင်းဖြစ်နေရာသို့မောင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာသည် အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန အဆောက်အအုံဟောင်း နေရာနှင့် နီးကပ်စွာတည်ရှိကြောင်း ၊ အဆိုပါ ပြည်ထဲရေးဝန်ကြီးဌာနကို အခြားနေရာတစ်ခုသို့ရွှေ့ပြောင်းလိုက်ပြီးနောက် ယင်းနေရာ၌ အဆင့်မြင့်ငြိမ်းချမ်းရေးကောင်စီရုံးကို မကြာသေးခင်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ခွဲမှုကြောင့် ဈေးဆိုင်များ ၊ Jamhoriat ဆေးရုံ အဆောက်အအုံ နှင့် မော်တော်ယာဉ်များစွာ ထိခိုက်ပျက်စီးသွားခဲ့သည်။

အာဖဂန်သမ္မတ Ashraf Ghani က တိုက်ခိုက်မှုကိုပြင်းထန်စွာ ရှုတ်ချခဲ့ပြီး ယင်းမှာ ဇန်နဝါရီလအတွင်း ၅ ခုမြောက် တိုက်ခိုက်မှုကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

သေဆုံးသူများထဲတွင် အမျိုးသမီးများ နှင့် ကလေးငယ်များစွာပါဝင်ကြောင်း ၊ အာဖဂန်နိုင်ငံရှိ နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC) က “ လူနာတင်ယာဉ်ဟာ လူတွေရဲ့ အသက်တွေကို ကယ်တင်ဖို့ပါ ၊ ဖျက်ဆီးဖို့မဟုတ်ပါဘူး” ဟူ၍ ၎င်းတို့၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ပြီးခဲ့သော ဇန်နဝါရီ ၂ဝ ရက်က ကဘူးလ်မြို့ရှိ ဇိမ်ခံဟိုတယ်တစ်လုံးအား တာလီဘန်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုအတွင်း နိုင်ငံခြားသား ၁၄ ဦး အပါအဝင် လူပေါင်း ၂ဝ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117