Connect with us

International Organizations

တရုတ်နိုင်ငံက ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်များ လျှင်မြန်စွာ တုံ့ပြန်နိုင်စွမ်းရှိရန် တောင်းဆို

တရုတ်နိုင်ငံ၏ ကုလသမဂ္ဂ ဆိုင်ရာ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ဝမ်မင်း နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်၌ အောက်တိုဘာလ ၁၂ ရက်နေ့က မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂသည် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တုံ့ပြန် လုပ်ဆောင်ချက်များကို အချိန်တိုတို အတွင်း လျှင်မြန်စွာ လုပ်ဆောင်သင့်ကြောင်း တရုတ်နိုင်ငံက အောက်တိုဘာလ ၁၂ ရက်တွင် တိုက်တွန်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ကုလသမဂ္ဂ ဆိုင်ရာ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ဝမ်မင်းက ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆိုင်ရာ အထွေထွေ အစည်းအဝေးတွင် ထိုသို့တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ဝမ်မှ ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တပ်ဖြန့်ကျက်မှု နှုန်းကို ပိုမိုမြှင့်တင် သင့်ပြီး လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များ ပြီးစီးထိရောက်အောင် ဆောင်ရွက် နိုင်စွမ်းများကို တိုးမြှင့်သင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကုလသမဂ္ဂမှ ရှေ့ဆက် လုပ်ဆောင်မည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ယန္တရားသစ်ကို ကြိုဆိုပါကြောင်းနှင့် အခြား အဖွဲ့ဝင် နိုင်ငံများအား ထိုယန္တရားတွင် ပါဝင် ဆောင်ရွက် လာစေရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့သည်။ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး စစ်ဆင်ရေးများ၏ ထက်ဝက် ကျော်ခန့်ကို အာဖရိကတိုက်တွင် ဖြန့်ကျက် ထားကြောင်း သိရသည်။ ဝမ်က အာဖရိကရှိ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု နယ်ပယ်များ အတွက် ကြီးမားသော ထောက်ပံ့မှု ပေးရန်အတွက်လည်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသည် အာဖရိကတိုက် တဝန်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆောင်ရွက်ရာတွင် အာဖရိက သမဂ္ဂ ကဲ့သို့သော ဒေသဆိုင်ရာ အဖွဲ့အစည်းများ နှင့်ပါ ညီညီ ညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၈ ရက်နေ့ ကုလသမဂ္ဂ ရုံးချုပ်၌ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ညီလာခံတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အမြဲတမ်း ရဲတပ်ဖွဲ တစ်ရပ် ဖွဲ့စည်းရေး တရုတ်နိုင်ငံက ကတိပြု ပြောကြားခဲ့ပြီး တပ်ဖွဲ့ဝင် ၈,၀၀၀ အား ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ အတွက် အသင့် ဖွဲ့စည်း ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနေဖြင့် နောက် ၅ နှစ် အတွင်း အာဖရိကန် အရန်တပ်ဖွဲ့နှင့် အာဖရိကန် အရေးကိစ္စများ လျှပ်တစ်ပြက် တုံပြန်ရေး တပ်ဖွဲ့ တည်ထောင်ရာတွင် အာဖရိက သမဂ္ဂသို့ စစ်ရေး စရိတ် အမေရိကန် ဒေါ်လာ သန်း ၁၀၀ ပေးအပ်သွားမည် ဖြစ်ကြောင်း ကတိကဝတ် ပြုခဲ့သည်။

ဝမ်က တရုတ်အစိုးရသည် ၎င်း၏ ကတိကဝတ်များကို အတိအကျ ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝမ်က ဆက်လက်၍ တရုတ်နိုင်ငံသည် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး စောင့်ရှောက်ရန် အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တပ်ဖြန့်ကျက်ထားသည့် နိုင်ငံများ၊ အာဖရိက သမဂ္ဂကဲ့သို့သော အဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်သွားရန် အတွက် အသင့် ဖြစ်နေကြောင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117