Connect with us

Politics, Law & Military

မြန်မာနိုင်ငံတွင် FDA ခွင့်ပြုချက် မရှိပဲ ရောင်းချ ဆေးဝါးများအား ၂၀၁၆ မှ စတင်၍ ထိရောက်စွာ အရေးယူမည် ဟုဆို

နိုင်ငံခြားမှ တင်သွင်း လာသော ဆေးဝါးများကို မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ပြည်တွင်းဆေးဝါး ဈေးကွက်အတွင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန FDA ၏ ခွင့်ပြုချက် မပါရှိဘဲ ရောင်းချလျက် ရှိသော ဆေးဝါးများကို ၂ဝ၁၆ ခုနှစ်မှ စတင်၍ ထိရောက်စွာ အရေးယူ သွားမည် ဖြစ်ကြောင်း FDA မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိ ဆေးဝါးဈေးကွက်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ ထောက်ခံချက် ရယူမှု မရှိဘဲ ဈေးကွက်၌ သာမက အွန်လိုင်းမှပင် ရောင်းချလျက် ရှိသော ဆေးဝါးများစွာ ရှိကြောင်း၊ အမျိုးသား ဆေးဝါး ဥပဒေအရ မှတ်ပုံတင် ထားခြင်း မရှိသော ဆေးဝါး၊ မှတ်ပုံတင် ခေတ္တ ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း ပြုလုပ်ထားသော ဆေးဝါး၊ ဆေးဝါးအတု၊ စံညွှန်းမညီ ဆေးဝါး၊ ရက်လွန်ပျက်စီး ဆေးဝါး၊ ရောနှောဆေးဝါး၊ ဘေးဥပဒ် ဖြစ်စေနိုင်သည့် ပစ္စည်းများဖြင့် ဖော်စပ် ထုတ်လုပ် ထားသောဆေးဝါး၊ ကျန်းမာရေး ဝန်ကြီးဌာနမှ သုံးစွဲရန် မသင့်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော ဘေးအန္တရာယ် ရှိသည့် ဆေးဝါးများကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ သိုလှောင်ခြင်း နှင့် ဖြန့်ဖြူး ရောင်းချခြင်းများ မပြုလုပ်ရန် တားမြစ် ထားကြောင်း သိရသည်။

အဆိုပါ တားမြစ်ချက် များကို ဖောက်ဖျက် ကျူးလွန်၍ ပြစ်မှုထင်ရှား ပါက ငွေဒဏ် အနည်းဆုံး ကျပ် ၅ဝ,ဝဝ မှ အများဆုံးကျပ် ၅ဝ,ဝဝဝ အထိဖြစ်စေ၊ ထောင်ဒဏ် ခုနစ်နှစ် အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ် ခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံ ပစ္စည်းများ ကိုလည်း ပြည်သူ့ ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံ ရမည် ဖြစ်ကြောင်း ၊ လက်ရှိတွင် ပြည်ပမှ တင်သွင်းသည့် ဆေးဝါး အမျိုးအစား ၁၈,၇ဝဝ ကျော်နှင့် ပြည်တွင်းမှ ထုတ်လုပ်သည့် ဆေးဝါး အမျိုးအစား ၃ဝဝ တို့ကို FDA မှ ထောက်ခံချက် ပေးထားကြောင်း FDA တာဝန်ရှိသူမှ ပြောကြားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117