Connect with us

Social

အရည်အသွေး မြင့်မားပြီး ပြည်သူ ဗဟုသုတ ရနိုင်မည့် စာအုပ်များစွာ ထွက်ရှိရန် လိုအပ်ဟု ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းဆို

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေ ဗိမာန်စာမူ ဆုပေးပွဲ အခမ်းအနား၌ မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အနာဂတ် ကာလတွင် မြန်မာနိုင်ငံ၌ စာပေ အရည်အသွေး မြင့်မားပြီး ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေမည့် စာအုပ်စာပေ အမြောက်အမြား ရေးသား ထုတ်ဝေနိုင်ရန် လိုအပ်ကြောင်း ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ယနေ့ ပြောကြားသည်။နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ယနေ့ ကျင်းပသည့် ၂၀၁၄ ခုနှစ်အတွက် အမျိုးသား စာပေဆုပေးပွဲ အခမ်းအနားတွင် စာပေပညာရှင် တစ်ဦး၊ တစ်ဖွဲ့က စပြီး အများပြည်သူ ကောင်းကျိုးပြု စာအုပ်များ၊ ပညာပေး စာအုပ်များ၊ အတွေးအခေါ် စာအုပ်များနှင့် ပေါ်ပင် မဟုတ်သော ဂန္တဝင် စာပေများ ထွက်ပေါ်လာရေးကို အလေးအနက် တိုက်တွန်း လိုကြောင်း ပြောကြားသည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အမျိုးသား စာပေဆု ရရှိသူ တစ်ဦးအား ဆုချီးမြှင့်စဉ် (ဆင်ဟွာ)

၂၀၁၄ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေ ဗိမာန်စာမူ ဆုပေးပွဲ အခမ်းအနားကို ယနေ့ အမျိုးသားဇာတ်ရုံ၌ ကျင်းပခဲ့သည်။


ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေ ဗိမာန်စာမူ ဆုပေးပွဲ အခမ်းအနား ကျင်းပစဉ် (ဆင်ဟွာ)

အဆိုပါ စာပေဆုပေးပွဲ အခမ်းအနားတွင် အမျိုးသားစာပေ တစ်သက်တာဆု ၃ ဆုကို ဦးဝင်းဖေ (မြဇင်)၊ ဦးခင်မောင်စိုး( မောင်ပေါ်ထွန်း) နှင့် ဦးကိုလေး( ကိုလေး-အင်းဝ ဂုဏ်ရည်) တို့ ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်အတွက် အမျိုးသား စာပေဆု ၁၅ ဆုနှင့် စာပေ ဗိမာန်ဆု ၂၆ ဆု ပေးအပ်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117