Connect with us

Africa & Middle East

အီရတ်တွင်ဖြစ်ပွားသော တူရကီသံအရာရှိ တိုက်ခိုက်ခံရမှုတွင် ပြစ်မှုကျူးလွန်သူဟု အဓိက သံသယရှိသူအား ဖမ်းဆီး

သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)

ဘဂ္ဂဒက်၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

လွန်ခဲ့သောရက်များက အီရတ်တွင် ဖြစ်ပွားခဲ့သော တူရကီ သံတမန်အရာရှိ တိုက်ခိုက်ခံရမှုတွင် အဓိက သံသယရှိသူ တစ်ဦးကို ဇူလိုင် ၂၀ ရက်က အီရတ်နိုင်ငံ Kurdistanဒေသ Erbilမြို့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းဒေသ အစိုးရက ပြောကြားခဲ့သည်။

ဇူလိုင် ၁၇ ရက်ကဖြစ်ပွားခဲ့သည့် Erbil သေနတ်ပစ်ခတ်မှုတွင် အဓိက သံသယရှိသူကို Kurdistanဒေသအကြမ်းဖက်ဆန့်ကျင်တိုက်ဖျက်ရေးတပ်ဖွဲ့က ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးခဲ့ကြောင်း ၊ သေနတ်ပစ်ခတ်မှုနှင့်စပ်လျဉ်း၍ ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကို တရားဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း Kurdistanဒေသအစိုးရက ဆိုသည်။

ယခုဖမ်းဆီးထားသူမှာ အသက် ၂၀ ကျော်အရွယ်ရှိ တူရကီဖွား Kurdistanဒေသနေ သူတစ်ဦးဖြစ်ကြောင်း အီရတ်မီဒီယာများ၏ သတင်းများအရသိရသည်။ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် Kurdistanဒေသ အကြမ်းဖက်ဆန့်ကျင်တိုက်ဖျက်ရေးတပ်ဖွဲ့ က ဗွီဒီယိုမှတ်တမ်းများအရ ၎င်းကို ပစ်မှတ်ထားကာ ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုမှာ ဇူလိုင် ၁၇ ရက် က Kurdistanဒေသ Erbilမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အမည်မသိသေနတ်သမားတစ်ဦးက စားသောက်ဆိုင်အတွင်းရှိလူများကို ရုတ်ခြည်းပစ်ခတ်ခဲ့ရာ တူရကီ သံအရာရှိတစ်ဦးအပါအဝင် လူ ၂ ဦး အချင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း နှင့် အခြားဒဏ်ရာရသူတစ်ဦးသည် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117