Connect with us

Politics, Law & Military

၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်ဖို့ မီဒီယာက ကူညီရန် ရွေး/ကော် ဥက္ကဋ္ဌ ပြော

၂၀၂၀ရွေးကောက်ပွဲကာလပူးပေါင်း ဆောင်ရွက်ရေး ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပနေစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

လာမည့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အား ရွေးကောက်ပွဲ တိကျ မှန်ကန်ပြီး လွတ်လပ်သော၊ တရားမျှတ သော ရွေးကောက်ပွဲ အဖြစ် ချောမွေ့စွာ အောင်မြင်ရေးအတွက် မီဒီယာ ကဏ္ဍက ကျယ်ကျယ် ပြန့်ပြန့် ကူညီဆောင်ရွက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ ပြောကြားခဲ့သည်။

“ပြည်သူတွေအတွက် မဲပေးခွင့် မဆုံးရှုံးရအောင် voting education တွေကိုရော ပြည်သူတွေ သိသင့်တဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်တွေကိုပါ ပြည်သူလူထုအကြား ကျယ်ကျယ် ပြန့်ပြန့်ရောက်ရှိရေး အတွက် သတင်းမီဒီယာ ကဏ္ဍက အရေးပါတဲ့ ကဏ္ဍ ဖြစ်ပါတယ်” ဟုလည်း နေပြည် တော် Kempinski Hotel တွင် ယနေ့ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် မြန်မာ နိုင်ငံ သတင်းမီဒီယာ ကောင်စီတို့၏ ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကာလ အတွင်း မီဒီယာ၏ အခန်းကဏ္ဍအပေါ် ပူးပေါင်း ဖော်ဆောင်ရေး ညှိနှိုင်း အစည်းအဝေးတွင် ၎င်းက ပြောခဲ့သည်။

ထို့အပြင် voting list ၌ မပါဝင်သောကြောင့် မဲပေးခွင့် ဆုံးရှုံးမှုများ ယခင်က ရှိခဲ့ကြောင်း၊ မဲပေးခွင့် ရရှိရေးအတွက် မည်သို့ ဆောင်ရွက်ရမည်ကို မသိကြသောကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် မဲစာရင်း ပြုစုရာတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဌာနတို့နှင့် မိမိတို့ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်းပြီး အတူတကွ ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းလည်း ကော်မရှင် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြစဉ်။(ဆင်ဟွာ)

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင် အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

UNESCO မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ms. Min Jeong Kim အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က “ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ အဖွဲ့အစည်းကြီး တစ်ရပ်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကလည်း သတင်းမီဒီယာ ဥပဒေနဲ့ အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်း တစ်ရပ် ဖြစ်ပါတယ်၊ ဒါကြောင့် အမှီအခိုကင်း လွတ် လပ်တဲ့ အဖွဲ့အစည်းကြီး နှစ်ရပ် တူညီ လက်တွဲ ဆောင်ရွက်ခွင့်ရမယ်ဆိုရင် အများ ယုံကြည် လက်ခံတဲ့ လွတ်လပ် တရားမျှတ သန့်ရှင်းတဲ့ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက သတင်းသမားများအနေဖြင့် မဲဆန္ဒရှင် ပြည်သူများကို အသိပေးရာတွင် တိကျ မှန်ကန်မှု၊ ဘက်မလိုက်မှု၊ မိမိ ရေးသား ဖော်ပြသည့် သတင်းအပေါ် အပြည့်အ၀ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ ပြည်စုံကြဖို့ လိုအပ်ကြောင်း၊ သတင်း အချက်အလက် (Facts)နှင့် သဘောထားအမြင် (Comment) တိတိကျကျ ကြိုတင် ခွဲခြား သတ်မှတ်ထားဖို့လည်း လိုအပ်ကြောင်း၊ အယ်ဒီတာအဖွဲ့၏ သဘောထား အမြင်များကို သတင်းများ၌ မထည့်သင့်ကြောင်းလည်း ပြောကြားခဲ့သည်။

UNESCO ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ms. Min Jeong Kim ကလည်း ရွေးကောက်ပွဲ ကာလအတွင်း သတင်းမီဒီယာ၏ တာဝန်များ၊ ရွေးကောက်ပွဲ ကော်မရှင်၊ ကိုယ်စားလှယ်လောင်း များနှင့် သတင်းမီဒီယာတို့ အကြား ချိတ်ဆက်မှု၊ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့သည်။

ယနေ့ ဆွေးနွေးပွဲတွင် လွတ်လပ်ပြီး အမှီအခိုကင်းသည့် သတင်းမီဒီယာ၏ အရေးကြီးသော အခန်းကဏ္ဍ၊သတင်းမီဒီယာ ဥပဒေနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ အခန်းကဏ္ဍ၊ ရွေးကောက်ပွဲ ဆိုင်ရာ သတင်း ရေးသား တင်ပြခြင်းနှင့် သက်ဆိုင်သော ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ၊ ရွေးကောက်ပွဲ ကာလ သတင်းမီဒီယာများက သတင်း ရေးသားမှုနှင့်ပတ်သက်ပြီး ကြုံတွေ့ရသော အခက်အခဲများ၊ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် သတင်း ပြန်ကြားရေးအဖွဲ့၏ လက်ရှိ လုပ်ဆောင်ချက်များ၊ မြန်မာ သတင်း မီဒီယာသမားများအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်ကို ပြင်ဆင်ထားရှိမှု၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီတို့ ပူးပေါင်း လုပ်ဆောင်နိုင်မည့် အချိန်ဇယား၊ နယ်ပယ် စသည့် အကြောင်းအရာများကို တင်ပြ ဆွေးနွေးကြမည်ဟု သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117