Connect with us

North America

ကဘူးလ်မြို့၌ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တာလီဘန်ခေါင်းဆောင် ၊ အာဖဂန်သမ္မတတို့နှင့် လျှို့ဝှက်အစည်းအဝေးကို သမ္မတထရမ့် ဖျက်သိမ်း

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

စက်တင်ဘာ ၅ရက်တွင် ကဘူးလ်မြို့၌ ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သား ၁ ဦးသေဆုံးပြီး အခြား ၁၁ ဦးထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ပြီးနောက် တာလီဘန်ခေါင်းဆောင်များအပါအဝင် အာဖဂန်သမ္မတတို့နှင့် လျှို့ဝှက်တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော အစည်းအဝေးကို ဖျက်သိမ်းလိုက်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စက်တင်ဘာ ၇ ရက်တွင် ပြောကြားလိုက်သည်။

“ တာလီဘန်အဓိကခေါင်းဆောင်တွေ အများအစုအပါအဝင် အာဖဂန်သမ္မတရယ် တစ်သီးတစ်ခြား လျှို့ဝှက် အစည်းအဝေးတွေကို စက်တင်ဘာ ၈ ရက်မှာ ဒေးဗစ်စခန်း(Camp David) မှာလုပ်ဖို့စီစဉ်ထားတာ ဖျက်သိမ်းလိုက်ပါပြီ” ဟု ထရမ့်က စက်တင်ဘာ ၇ ရက် ညနေပိုင်းတွင် ၎င်း၏ တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် အသိပေးဖော်ပြခဲ့သည်။

“ သူတို့ဒီညမှာ အမေရိကန်ကို လာနေကြပါတယ်။ ကံမကောင်းစွာဘဲ သူတို့အမှားအယွင်းလုပ်လိုက်ကြတယ်။ ကျွန်တော်တို့ရဲ့ သိပ်ကို ရဲရင့်တဲ့ စစ်သားတွေအနက် တစ်ယောက်ကို ကဘူးလ်မြို့မှာ သူတို့သတ်ဖြတ်လိုက်ကြောင်း ဝန်ခံခဲ့တယ်။ ပြီးတော့အဲဒီတိုက်ခိုက်မှုမှာ ကျွန်တော်တို့ရဲ့ အခြားစစ်သား ၁၁ ဦးလည်း ဒဏ်ရာရခဲ့တယ်။ အဲဒီလျှို့ဝှက်အစည်းအဝေးကို ကျွန်တော်ချက်ချင်းပဲ ဖျက်သိမ်းလိုက်ပါပြီ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဆက်မလုပ်ဖို့ပြောလိုက်တယ်” ဟု ထရမ့်က တွစ်တာတွင် ဖြည့်စွက်ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း တာလီဘန်တို့က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ထရမ့်က “ အခုလိုသိပ်ကို အရေးကြီးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလမှာ သူတို့က အပစ်အခတ်ရပ်စဲရေးတစ်ခုလုပ်ဖို့သဘောမတူဘူးဆိုရင် သူတို့မှာ အဓိပ္ပါယ်ရှိတဲ့ သဘောတူညီမှုတစ်ခုအတွက် ဆွေးနွေးဖို့အခွင့်အာဏာမရှိဘူးလို ဘဲ ပြောရမယ် ” ဟု ထရမ့်က ဆိုသည်။

အမေရိကန် နှင့် တာလီဘန် တို့အနေဖြင့် အနီးကပ်သဘောတူညီမှုတစ်ခုရှိခဲ့ကြောင်း ၊ ယင်းမှာ အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်တို့၁၈ နှစ်ကျော်ကြာ ဆင်နွှဲခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် မျှော်လင့်ကြောင်း ထရမ့်က တွစ်တာတွင်ရေးသားခဲ့သည်။ထရမ့်အနေဖြင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုကို လုံးဝအပြီးအပြတ်အမြဲတမ်းရပ်ဆိုင်းထားရန် အစီအစဉ် ရှိမရှိကို ရှင်းရှင်းလင်းလင်းမသိရပေ။တာလီဘန်စစ်သွေးကြွများ နှင့် အာဖဂန်အစိုးရ နှစ်ဖက်တပ်ဖွဲ့တို့သည် မကြာသေးမီကာလအတွင်း အာဖဂန်နစ္စတန်၌ ပြင်းထန်သော တိုက်ပွဲများ ဆင်နွှဲခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117