Connect with us

Politics, Law & Military

တပ်မတော်သားတို့က ဥပဒေကြမ်း ပြင်ဆင်ချက် ထပ်မံတင်သွင်း

ပြည်ထောင်စုလွှတ်တော် နာယက ကြွရောက်လာစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၀ရက် (ဆင်ဟွာ)

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်သန်းချစ် အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦးတို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ ယနေ့ ထပ်မံ တင်သွင်းခဲ့သည်။

အဆိုပါ ဥပဒေကြမ်း၌ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ ဝန်ကြီးများ ခန့်အပ်ခြင်းဆိုင်ရာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၂ ပါ ပြဌာန်းချက်များအား ပယ်ဖျက်ခြင်း၊ ပြင်ဆင်ပြဌာန်း ခြင်းများ ပါဝင်ပြီး ထိုသို့ ပြင်ဆင်ရခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အခွင့်အရေး ပိုမို ရရှိစေရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်တို့၏ လုပ်ပိုင်ခွင့် အာဏာ တိုးမြှင့်ပေးရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်က လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံမှ အမည်စာရင်းတောင်းခံပြီး သက်ဆိုင်ရာ လွှတ်တော်၏ သဘောတူညီ ချက်ဖြင့် ခန့်အပ်နိုင်ရန်၊တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ နုတ်ထွက်ခြင်းဆိုင်ရာ၊ လစ်လပ်ခြင်းဆိုင်ရာ ကိစ္စတို့နှင့် စပ်လျဉ်းပြီး ပြန်လည်ခန့်အပ်ရာတွင် တိုင်းရင်းသားတို့၏ လိုလား ချက်ကို အလေးဂရုပြု ဖော်ဆောင်ပေးရန်နှင့် ဖက်ဒရယ်စနစ် ဖော်ဆောင်ရာတွင် လက်တွေ့ကျစေရန် ယခုကဲ့သို့ ပြင်ဆင်ရခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ် အောင်စန်းချစ်၏ တင်သွင်းစာတွင် ဖော်ပြ ပါရှိ သည်။

ထပ်မံ တင်သွင်းသော ထိုဥပဒေကြမ်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခ့ ဥပဒေ အခန်း(၅) အုပ်ချုပ်ရေး ကဏ္ဍရှိ ပုဒ်မ ၂၆၂(က) အပိုဒ်ခွဲ(၁) မှ စာသားကို ပယ်ဖျက်ခြင်း၊ ၂၆၂(င) ရှိစာသားအား အစား ထိုးခြင်း၊ ၂၆၂(စ)အား အစားထိုးခြင်း၊ ၂၆၂(ည)၊ ၂၆၂ (ဋ)၊ ၂၆၂(ဌ) အပိုဒ်(၂)၊ ၂၆၄(က)နှင့် ၂၆၄(ဂ) တို့၇ှိ စာသား များအား အစာထိုးပြင်ဆင်ခြင်းများ ပါဝင်သည်။

ထို့အတူ ကရင်ပြည်နယ် အမှတ်(၅) မဲဆန္ဒနယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်း နိုင် အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦးတို့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကို ပြည်ထောင်စု လွှတ်တော်သို့ ယနေ့တင်သွင်းခဲ့ရာ ပုဒ်မ ၅၊ ပု်းမ ၅၉(ဃ)နှင့် ပုဒ်မ ၂၀၁ (က) (ခ)တို့အား ပြင်ဆင်ထားပြီး နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော်ရာတွင် ခိုင်မာသည့် အုပ်ချုပ်ရေး စနစ် ဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ပြင်ဆင်ရခြင်း ဖြစ်ကြောင်း ဥိးစိုင်းသန်းနိုင်၏ တင်သွင်းစာ၌ ဖော်ပြထားသည်။

အဆိုပါ ဥပဒေကြမ်းနှစ်ခုကို ပြည်ထောင်စု လွှတ်တော်က လက်ခံရရှိကြောင်းနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ် တော် နာယကက ယနေ့အစည်းအဝေးတွင် အသိပေး ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117