Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတနှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဂျာကာတာတွင် တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဂျာကာတာတွင် တွေ့ဆုံနေစဉ် (Xinhua)

ဂျာကာတာ ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ဧပြီလ (၂၂) ရက် ဂျာကာတာတွင် ကျင်းပသည့် အာရှ-အာဖရိက ညီလာခံ အထိမ်းအမှတ်ပွဲတွင် ဂျပန်ဘက်၏ ဆောင်းဆိုချက်အရ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ သီးသန့် တွေ့ဆုံကြောင်း သိရသည်။

တရုတ်နှင့် ဂျပန် ဆက်ဆံရေး အခြေခံမူနှင့် ပတ်သက်၍ နှစ်နိုင်ငံ သဘောတူညီချက်များ ရရှိခဲ့သော နိုင်ငံရေး စာချုပ်စာတမ်း ၄ ရပ်ကို လက်ကိုင်ထားရန် လိုအပ်သည်ဟု သမ္မတရှီက ပြောကြားသည်။ ထိုမှသာ နှစ်နိုင်ငံ ဆက်ဆံရေး မှန်ကန်သည့် လမ်းကြောင်းဘက်သို့ ဦးတည်နိုင်ပါသည်ဟု ဆက်လက် ပြောကြားသည်။

နိုင်ငံရေး စာချုပ်စာတမ်း ၄ ရပ်သည် ၁၉၇၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် တရုတ်-ဂျပန် ပူးတွဲ ထုတ်ပြန်ချက်၊ ၁၉၇၈ ခုနှစ်တွင် တရုတ်-ဂျပန် မိတ်ဖက်နှင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သော စာချုပ်၊ ၁၉၉၈ ခုနှစ်တွင် တရုတ်-ဂျပန် ပူးတွဲ ကြေငြာချက်နှင့် ၂၀၀၈ ခုနှစ်တွင် ထုတ်ပြန်သော နှစ်နိုင်ငံ အကျိုးပြု မဟာဗျူဟာ ဆက်ဆံရေး မြှင့်တင်ရေး ပူးတွဲ ကြေငြာချက်တို့ ဖြစ်ကြသည်။

တရုတ်နှင့် ဂျပန် ခေါင်းဆောင်များ ယခု တွေ့ဆုံမှုသည် ဒုတိယ အကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပထမအကြိမ် တွေ့ဆုံ ခဲ့သည်။ ပထမအကြိမ် တွေ့ဆုံမှုသည် ပေကျင်းတွင် ကျင်းပသည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေး (APEC) တွင် တွေ့ဆုံခဲ့ ကြသည်။ ၎င်းတွေ့ဆုံမှု ပြီးနောက် နှစ်နိုင်ငံက ဆက်ဆံရေး ကောင်းအောင် ဆောင်ရွက်ပေးရေး သဘောတူညီချက် ၄ ချက် ရရှိခဲ့သည်။

သမိုင်းကိစ္စသည် တရုတ်-ဂျပန် ဆက်ဆံရေး ဆိုင်ရာ အခြေခံ နိုင်ငံရေးမူနှင့် ပတ်သက်ပါသည်ဟု သမ္မတရှီက ဆိုသည်။ ဂျပန်နိုင်ငံ အနေနှင့် အိမ်နီးချင်း နိုင်ငံများ၏ စိုးရိမ်မှုကို အလေးထား ကိုင်တွယ် ဖြေရှင်းပြီး သမိုင်းဆိုင်ရာ ကိစ္စများကို မှန်ကန်တဲ့ သဘောထား ပြစေလိုကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ပြည်သူ အပြန်အလှန် နားလည်မှု တိုးတက် စေရန်အတွက် နယ်ပယ်စုံရှိ နှစ်နိုင်ငံ ဆက်သွယ်ရေးကို ထိန်းသိမ်းသင့်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

တရုတ် နိုင်ငံသည် ခေတ်သစ် ပိုးလမ်းမကြီးစီမံကိန်းနှင့် အာရှ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ကို အကောင်အထည် ဖော်နေကြောင်း သမ္မတရှီက ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117