Connect with us

Stock Market

စတော့အိပ်ချိန်း ကုမ္ပဏီများကို ဇွန်လ၌ လိုင်စင် ချပေးမည်

တရုတ်နိုင်ငံမှ စတော့အိပ်ချိန်း တစ်ခုမြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၇ ရက် (ဆင်ဟွာ)

စတော့အိပ်ချိန်း ဝန်ဆောင်မှု လိုင်စင် အမျိုးအစား လေးမျိုးမှ အများပိုင် ကုမ္ပဏီများက ရောင်းချလိုသည့် အစုရှယ်ယာ ပမာဏကို တာဝန်ယူ ဖြန့်ပေးရသည့် Under Writer ဝန်ဆောင်မှု လိုင်စင်ကို ဇွန်လအတွင်း စတင် ချထားပေးမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။

စတော့အိပ်ချိန်း ဝန်ဆောင်မှု လိုင်စင် အမျိုးအစား လေးမျိုးချထားပေးရန် ရှိပြီး အဆိုပါ လိုင်စင် လေးမျိုးသည် စတော့အိပ်ချိန်း အများပိုင်ကုမ္ပဏီများက ရောင်းချလိုသော အစုရှယ်ယာ ပမာဏကို တာဝန်ယူ ဖြန့်ပေးရသည့် (Under Writer) ဝန်ဆောင်မှု လိုင်စင် ၊ ဝယ်ရောင်းလိုင်စင် (Dealer)၊ အကျိုးဆောင်လိုင်စင် (Broker) နှင့်၊ အကြံပေးလိုင်စင် (Consulting/ Advisor) တို့ဖြစ်သည်။

စတော့အပ်ချိန်း ကြားခံ ဝန်ဆောင်မှုပေးမည့် Services Provider ကုမ္ပဏီ လိုင်စင်များအတွက် လျှောက်လွှာကို ဇန်နဝါရီလ အတွင်းက ခေါ်ယူခဲ့ပြီး လက်ရှိတွင် လုပ်ငန်းလိုင်စင် အမျိုးမျိုးအတွက် လျှောက်ထားသည့် လျှောက်လွှာပေါင်း ၅၇ စောင် ရှိကြောင်း၊ အဆိုပါ ၅၇ စောင်တွင် Under Writer လိုင်စင်ကို လျှောက်ထားသည့် လျှောက်လွှာမှာ အစောင် ၂၀ ရှိသည်။

အဆိုပါ လိုင်စင် လျှောက်ထားသည့် လျှောက်လွှာအစောင် ၂၀ မှ သတ်မှတ်ထားသော အချက်အလက်များနှင့် ကိုက်ညီသည့် ကုမ္ပဏီများကို လိုင်စင်ချထားပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

ရန်ကုန် စတော့အိပ်ချိန်းကို တည်ထောင်ရန် မြန်မာစီးပွားရေးဘဏ်၊ ဂျပန်နိုင်ငံ ဒိုင်ဝါ သုတေသနအဖွဲ့ လီမိတက်နှင့် Japan Exchange Group တို့က ၂၀၁၄ ဒီဇင်ဘာတွင် လက်မှတ် ရေးထိုးခဲ့ပြီး ရန်ကုန် စတော့အိပ်ချိန်းကို ရန်ကုန် ဆူးလေဘုရားလမ်းရှိ မြဝတီဘဏ်ရုံးချုပ် အဆောက်အအုံ ဟောင်း၌ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117