Connect with us

North America

ထရမ့်က ကနေဒါဝန်ကြီးချုပ်အား အိမ်ဖြူတော်၌ ကြိုဆိုဧည့်ခံမည်

ကနေဒါဝန်ကြီးချုပ် Justin Trudeau (ညာ) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (ဘယ်) တို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် ပထမဆုံးအကြိမ် ဆွေးနွေးပြုလုပ်ရန် ဖေဖော်ဝါရီ ၁၃ ရက်တွင် အိမ်ဖြူတော်သို့လာရောက်မည့် ကနေဒါဝန်ကြီးချုပ် Justin Trudeau အား ကြိုဆိုဧည့်ခံမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီ ၉ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။

အိမ်ဖြူတော်က “သမ္မတ ထရမ့်နဲ့ ဝန်ကြီးချုပ် Trudeau တို့ဟာ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအားကောင်းလာစေရန် အပြုသဘောဆောင်တဲ့ စကားဝိုင်းတစ်ခုကို ဖော်ဆောင်သွားမှာပါဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။

သို့သော် တွေ့ဆုံပွဲ အစီအစဉ်အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ယခင်သမ္မတဟောင်း အိုဘားမား က သဘာဝပတ်ဝန်းကျင်ထိခိုက်စေနိုင်သည့်အကြောင်းပြချက်ဖြင့် ပယ်ချခဲ့သော အငြင်းပွားဖွယ် Keystone XL စီမံကိန်းအား ဆက်လက်လုပ်ဆောင်ရန် ဇန်နဝါရီလတွင် သမ္မတ ထရမ့် က သမ္မတအမိန့်ဖြင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ၈ဘီလီယံ တန်ဖိုးရှိသည့် အဆိုပါ စီမံကိန်း၌ ကနေဒါနိုင်ငံမှ အမေရိကန်နိုင်ငံရှိ Montana ပြည်နယ် နှင့် တောင် Dakota ပြည်နယ်တို့ကို ဖြတ်၍ Nebraskaပြည်နယ်အထိ သွယ်တန်းမည့် ရေနံပိုက်လိုင်းများ သည် အမေရိကန်နိုင်ငံ Gulf Coast ကမ်းရိုးတန်းတစ်လျှောက်ရှိ ရေနံသန့်စင်စက်ရုံများထိ ရေနံများပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်ရေးကိစ္စတွင်လည်း ထရမ့်သည် ၁၉၉၄ခုနှစ်တွင် ကနေဒါနှင့် မက္ကဆီကိုနိုင်ငံ တို့နှင့် ချုပ်ဆိုခဲ့သော လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက်ကို အမေရိကန်ကချုပ်ဆိုခဲ့သမျှ ကုန်သွယ်ရေးစာချုပ်များအနက် အဆိုးရွားဆုံးစာချုပ်ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် ပယ်ချခဲ့ပြီး ၎င်းအား ပြန်လည်ညှိနှိုင်းသွားရန် ကြေညာခဲ့ကြောင်း သိရသည်။

မြောက်အမေရိကလွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် (NAFTA) အား ပြန်လည်ညှိနှိုင်းမည့် ထရမ့်၏ အစီအစဉ်သည် ၎င်း ကတိပေးထားသည့်အတိုင်း အမေရိကန်နိုင်ငံသို့ လုပ်ငန်းများ ပြန်လည် ခေါ်ဆောင်လာနိုင်ခြင်း ရှိ၊မရှိ သဘောထားများ ကွဲလွဲလျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117