Connect with us

Videos

တောင်အာရှတွင် အမြင့်ဆုံးဖြစ်လာမည့် TVမျှော်စင်ကြီး

ကိုလံဘို၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် တောင်အာရှ၏ အမြင့်ဆုံးဖြစ်လာမည့် TVမျှော်စင်ကြီးတစ်ခုကို တည်ဆောက်လျက်ရှိရာ မကြာမီပြီးစီးမည်ဟုသိရသည်။ ၎င်းမှာ ၃၅ဝ မီတာ အရှည်ရှိပြီး ဖူးငုံနေသည့်ကြာပန်းတစ်ခုအသွင် ဖန်တီးတည်ဆောက်ထားခြင်းဖြစ်သည်။ အဆိုပါ ကြာပန်းမျှော်စင်ကြီးမှာ ယခုနှစ်အတွင်းပြီးစီးမည်ဖြစ်ပြီး ဟိုတယ်၊ ဈေးဝယ်စင်တာနှင့် အစည်းအဝေးခန်းမများအဖြစ်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ ၂ဝ၁၂ ခုနှစ်တွင် တရုတ်နိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံတို့သည်ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှု အစိတ်အပိုင်းအဖြစ် မျှော်စင်ကြီးကို ပူးပေါင်း တည်ဆောက် ခဲ့ကြခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.