Connect with us

Economy

(၁၆)ကြိမ်မြောက် အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီ အစည်းအဝေး အောက်တိုဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပမည်

၁၁ကြိမ်မြောက် အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီ အစည်းအဝေးကျင်းပနေသည့်မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

(၁၆) ကြိမ်မြောက် အာဆီယံစားသုံးသူ ကာကွယ်ရေး ကော်မတီအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ လက်ခံ ကျင်းပသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီကို ၂ဝဝ၈ ခုနှစ်တွင် တရားဝင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ အာဆီယံစီးပွားရေးထိုးဖောက်ဆောင်ရွက်မှုအား လူကိုအဓိကထားသည့် နည်းလမ်းဖြင့် ဆောင်ရွက်ရာတွင် ချောမွေ့စေရန်နှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများ ခိုင်မာတောင့်တင်းစေရန်၊ စားသုံးသူကာကွယ်ရေးအဆင့်မြှင့် ရန်နှင့် အာဆီယံအတွင်းရှိ စားသုံးသူများ၏ အကျိုးစီးပွားကာကွယ်နိုင်ရန်အတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း သိရသည်။

အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ အစည်းအဝေးများကို ကျင်းပ လာခဲ့သည်မှာ ယခုဆိုလျှင် ၁၆ ကြိမ်ရှိလာပြီဖြစ်ပြီး တစ်နှစ်လျှင် နှစ်ကြိမ် နိုင်ငံအက္ခရာစဉ်အလိုက် ကျင်းပလေ့ရှိကြောင်း ၊ပြီးခဲ့သည့် (၁၅)ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ အစည်းအဝေးကို လာအိုနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုနှစ်အတွက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီဥက္ကဋ္ဌမှာ ဖိလစ်ပိုင် နိုင်ငံဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.