Connect with us

China

ဥရောပသမဂ္ဂနှင့်တရုတ်နိုင်ငံတို့ပူးပေါင်း၍ ခေတ်သစ် ပိုးလမ်းမကြီး နှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်

ပိုးလမ်းမ ကုန်သွယ်ရေး လမ်းကြောင်း နှင့် ၂၁ ရာစု ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းတို့ ပေါင်စပ် ပါဝင်သည့် ခေတ်သစ် ပိုးလမ်းမကြီး မြေပုံ (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အဆင့်မြင့် အရာရှိကြီးများနှင့် ကျွမ်းကျင် ပညာရှင်များသည် တနင်္လာနေ့က ဘရပ်ဆဲလ်မြို့တွင် တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမကြီး မဟာဗျူဟာ စီမံကိန်း အပေါ် ဥရောပ၏ အမြင်ကို ဆွေးနွေးခဲ့ကြသည်။

နှစ်ရက်ကြာ ပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဥရောပသမဂ္ဂ၏ ဥရောပ စီးပွားရေးနှင့် လူမှုရေး ကော်မတီမှ ကြီးမှူး ကျင်းပခဲ့သည်။တရုတ်နိုင်ငံနှင့် အီးယူသည် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့် လုပ်ဆောင်ရန် နှင့် အီးယူမှ ယူရိုဒေါ်လာ ၃၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တို့ကို ဇွန်လ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ၁၇ ကြိမ်မြောက် တရုတ်-အီးယူ ညီလာခံတွင် သဘောတူညီခဲ့ပြီး နောက်ပိုင်းတွင် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာ လကုန်ပိုင်းတွင် တရုတ်-အီးယူ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ အသစ်တစ်ခုကို ပေကျင်းမြို့၌ ကျင်းပမည် ဖြစ်ကြောင်းသိရသည်။

“ဒါဟာ ဥရောပအတွက် တရုတ်နိုင်ငံရဲ့ခေတ်သစ် ပိုးလမ်းမကြီး မဟာဗျူဟာ စီမံကိန်းနှင့် ပတ်သက်၍ ပိုးလမ်းမကြီးဟာ ဘာလဲဆိုတာရယ်၊ ၎င်းရဲ့အဓိက ရည်ရွယ်ချက်က ဘာတွေ ဖြစ်တယ်ဆိုတာနဲ့ အဲ့ဒီ ရည်ရွယ်ချက်တွေကို ဘယ်လို ယုံကြည်ရမလဲ ဆိုတာကို ဆန်းစစ်ဖို့အချိန်ရောက်ပြီ” ဟု ပွဲကျင်းပသူများက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အလုပ်ရုံဆွေးနွေးမှု၏ အဓိက ရည်ရွယ်ချက်မှာ ဥရောပကော်မရှင်၊ ဥရောပ ပြည်ပ ဝန်ဆောင်မှုနှင့် ဥရောပ ပါလီမန်မှ မူဝါဒ ချမှတ်သူများနှင့် ပညာရှင်များကို တစ်စုတစ်စည်းထဲ ဖြစ်စေပြီး လေးလေးနက်နက်ထား ဆွေးနွေးကာ ခေတ်သစ်ပိုးလမ်းမကြီး မဟာဗျူဟာ အပေါ် ဥရောပတိုက်၏ အမြင်ကို ထုတ်ဖော်ရန် ဖြစ်သည်။

အလုပ်ရုံ ဆွေးနွေး ဆိုင်ရာ အကြောင်းအရာများတွင် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း၏ ပထဝီအရ အကျိုးသက်ရောက်မှု၊ လုံခြုံရေးနှင့် နိုင်ငံရေး စိန်ခေါ်မှုများ ၊ အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) နှင့် ပိုးလမ်းမကြီး ရန်ပုံငွေ အစရှိသည်တို့ ပါဝင်မည် ဖြစ်သည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို အီးယူ-တရုတ် သုတေသန စင်တာ နှင့် ဥရောပ ကောလိပ်၏ တရုတ်-အီးယူ ဆက်ဆံရေး ဆိုင်ရာ Inbev-Baillet Latour ဌာန တို့က ကြီးမှူး ကျင်းပခဲ့သည်။ (Xinhua)