Connect with us

MYANMAR

မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် ပထမနှစ်ဝက် စာမေးပွဲများတွင် ဖြေဆိုသူ ၃၃၉,၃၆၀ ရှိ 

မတ် ၁၉ ရက်တွင် တက္ကသိုလ် ဖြေဆိုသူစာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) 

မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် ပထမနှစ်ဝက် စာမေးပွဲများတွင် ဖြေဆိုရန် စုစုပေါင်း စာရင်းရှိ ၃၅၀,၈၈၀ ဦးအနက် ၃၃၉,၃၆၀ ဦး ဖြေဆိုကြပြီး ပျက်ကွက်သူ ၁၁,၅၂၀ ဦးရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ မတ်လ ၁၉ ရက်နေ့ဖော်ပြချက်အရသိရသည်။

ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၌ စာရင်းရှိ ၃၀၄,၁၂၈ ဦးအနက် ၂၉၃,၃၉၉ ဦး ဖြေဆိုကာ ပျက်ကွက် ၁၀,၇၂၉ ဦး၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များ၌ စာရင်းရှိ ၃၅,၉၇၀ ဦး အနက် ၃၅,၁၈၄ ဦး ဖြေဆိုကာ ပျက်ကွက် ၇၈၆ ဦးနှင့် ပညာရေးကောလိပ်များ၌ စာရင်းရှိ ၁၀,၇၈၂ ဦး အနက် ၁၀,၇၇၇ ဦး ဖြေဆိုကာ ပျက်ကွက် ၅ ဦးရှိကြောင်း သိရသည်။

၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် ပထမနှစ်ဝက် စာမေးပွဲများကို မတ် ၁၈ ရက်တွင် စတင်ကျင်းပခြင်းဖြစ်ပြီး COVID-19 အားစိုးရိမ်၍ ဖြေဆိုလိုခြင်းမရှိပါက ၂၀၂၀ ပြည့်နှစ် ဇွန်လဆန်းတွင် အစားထိုး စာမေးပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ဇွန်လတွင် အစားထိုးဖြေဆိုမည့်သူများအနေဖြင့် ယခုကျင်းပသော စားမေးပွဲတွင် ဝင်ရောက်ဖြေဆိုခြင်းမပြုရန် ရန်ကုန်တက္ကသိုလ် ပညာရေးအဖွဲ့ မှ ကြေညာချက်တစ်ခုအား မတ် ၁၈ ရက် တွင် ထုတ်ပြန်ခဲ့သည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117