Connect with us

MYANMAR

၁၀ ရက်အတွင်း ပျမ်းမျှပိုးတွေ့ရှိမှု ၃.၁၃ ရာခိုင်နှုန်း ရှိကြောင်းဆို

နှာခေါင်းစည်းဖြင့် သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်ဝါရီ ၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ဇန်နဝါရီ ၈ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၇၁၁ ဦး တွေ့ရှိခဲ့ပြီး ၁၀ ရက်အတွင်း ပျမ်းမျှပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၃ ဒဿမ ၁၃ ရာခိုင်နှုန်း ရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆင်ဟွာသို့ ယနေ့ ပြောကြားသည်။

“ဒီဇင်ဘာ ၁၈ ရက်နောက်ပိုင်းကစပြီး ၅ ရာခိုင်နှုန်းအောက်ဆင်းခဲ့တယ်။ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ပျမ်းမျှတွက်ရင် ပိုးတွေ့ရှိတာ ၃ ဒဿမ ၁၃ ရာခိုင်နှုန်း ဆိုတော့အကောင်းဘက်ကို တော်တော်ရောက်နေပြီလို့ ပြောလို့ရတယ်။’’ ဟု ၎င်းကဆက်ပြောသည်။

ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ၃ ဒဿမ ၅ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၃၁ ရက်တွင် ၃ ဒဿမ ၇ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ၂ ဒဿမ ၆ ရာခိုင်နှုန်း၊ ဇန်နဝါရီ ၂ ရက် တွင် ၃ ဒဿမ ၆ ရာခိုင်နှုန်း၊ ဇန်နဝါရီ ၃ ရက်တွင် ၄ ဒဿမ ၁ ရာခိုင်နှုန်း၊ ဇန်နဝါရီ ၄ ရက်တွင် ၃ ဒဿမ ၅ ရာခိုင်နှုန်း၊ ဇန်နဝါရီ ၅ ရက်တွင် ၃ ဒဿမ ၃ ရာခိုင်နှုန်း၊ ဇန်နဝါရီ ၆ ရက်တွင် ၃ ဒဿမ ၅ ရာခိုင်နှုန်း၊ ဇန်နဝါရီ ၇ ရက်တွင် ၃ ဒဿမ ၁ ရာခိုင်နှုန်းနှင့် ယနေ့ ဇန်နဝါရီ ၈ ရက်တွင် ၃ ဒဿမ ၅ ရာခိုင်နှုန်းတွေ့ရှိခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၂၀,၁၆၄ ခုအား စစ်ဆေးခဲ့ပြီး ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁,၉၆၀,၇၈၅ ခု စစ်ဆေးပြီးဖြစ်ကြောင်း၊ ယနေ့ ဆေးရုံဆင်းခွင့်ရရှိသူ ၈၂၈ ဦး ရှိပြီး စုစုပေါင်း ၁၁၂,၈၇၆ ဦး ဆေးရုံဆင်းခွင့်ရရှိပြီးဖြစ်ကြောင်း၊ ယနေ့ သေဆုံးလူနာ ၁၃ ဦးရှိပြီးရောဂါအခံရှိသူ ၁၀ ဦးပါရှိကြောင်းနှင့် ယနေ့အထိ သေဆုံးလူနာ စုစုပေါင်း ၂,၈၁၂ ဦးနှင့် စုစုပေါင်း ရောဂါကူးစက်ခံရသူ ၁၂၉,၄၈၃ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117