Connect with us

MYANMAR

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ မှ မေ လအထိ  ပြည်ပဧည့်သည် ဝင်ရောက်မှုမှ ရရှိသည့်ဝင်ငွေ ၅၃ ရာခိုင်နှုန်းကျဆင်း 

၂၀၁၉ ခုနှစ်အတွင်းက ရွှေတိဂုံစေတီပေါ်တွင် နိုင်ငံခြားခရီးသွားများ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ မှ မေ လအထိ  ပြည်ပဧည့်သည် ဝင်ရောက်မှုမှ တဆင့် ရရှိသည့်ဝင်ငွေ သည် ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၅၃ ခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် က ယနေ့ ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။ 

 “၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ကနေ မတ်လ အထိ ပြည်ပဧည့်သည် ဝင်ရောက်မှု ရှိခဲ့တယ်။ ဧပြီ နဲ့ မေလ ကတော့ COVID-19 ရောဂါကြောင့် ပြည်ပဧည့်သည်ဝင်ရောက်မှု က သုညပါ။ ပြည်ပ ခရီးသွားလုပ်ငန်းနဲ့ ပြည်ပဧည့်သည်ဝင်ရောက်မှု၊ ဧည့်သည်တွေ သုံးစွဲတဲ့ ပိုက်ဆံ အဲဒီဝင်ငွေ တွေ ဟာ ယခင်နှစ် ကာလတူ နှိုင်းယှဉ်တော့ ကျတာပေါ့” ဟု ဆင်ဟွာသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ပြည်တွင်းသို့ နိုင်ငံခြားခရီးသွားဧည့် သည်ဝင်ရောက်မှုသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေလအထိ နှင့် ၂၀၂၀  ပြည့်နှစ် ဇန်နဝါရီလမှ မေလအထိ  နှိုင်းယှဉ်ပါက စုစုပေါင်း ၅၅ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရသည်။ ခရီးသွားလုပ်ငန်းများမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေလအထိ အမေ ရိကန်ဒေါ်လာ ၁၁၄ ဒသမ ၀၈၅ သန်းခန့် ရရှိခဲ့ပြီး၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ မေလအထိ  ၅၃ ဒသမ ၂၂၃  သန်းခန့် သာရရှိခဲ့သည့်အတွက် ၅၃ ရာခိုင်နှုန်း အထိ ဝင်ငွေ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် စာရင်းများအရ နိုင်ငံတကာလေကြောင်း လိုင်းမှရရှိ သည့် ဝင်ငွေ၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေးမှ ရရှိသည့် ဝင်ငွေ၊ အစားအသောက်အဖျော်ယမကာ များမှရရှိ သည့် ဝင်ငွေများ၊ ဖျော်ဖြေရေးလုပ်ငန်းများမှ ရရှိသည့်ဝင်ငွေများနှင့် တခြား အမှတ်တရ လက်ဆောင် ပစ္စည်း အရောင်းဆိုင်များမှရရှိသော ဝင်ငွေများ စသည်ဖြင့် တခြားသောဝင်ငွေများကို နှိုင်းယှဉ်ပါက ၅၃ ရာခိုင်နှုန်းအထိ လျော့နည်း ကျဆင်းနေကြောင်း သိရသည်။

ဦးအောင်အေးဟန်က “ဟိုတယ် နဲ့ ခရီးသွားလုပ်ငန်း တွေ ပြန်လည်ဦးမော့လာဖို့ အတွက် အပိုင်း (၃) ပိုင်းနဲ့ သွားမှာပါ။ အဲဒါတွေကတော့ ဆက်လက်ပြီး ကုမ္ပဏီတွေ ခရီးသွားလုပ်ငန်းတွေ ရပ်တည်နိုင်ရေး အတွက် ကိုသွားမယ်။ ပြန်လည်ဖွင့်လှစ်မယ့်အစီအစဉ် တွေ နဲ့ ပြန်လည်ကြေညာမယ့်အစီအစဉ် ဆိုပြီး အပိုင်း (၃) ပိုင်း ကို ဆောင်ရွက်နေပါတယ်။’’ ဟုဆက်လက်ရှင်းပြခဲ့သည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ  ပြန်လည်ဖွံ့ဖြိုးလာစေရန် တစ်ဖက်မှ ကျိုးပန်းနေသကဲ့သို့ ၊ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း များ ပြန်လည် ဖွံ့ဖြိုးလာသည့်  အချိန်တွင် ကျန်းမာရေးအပါအဝင်  ဘေးကင်းလုံခြုံမှုရှိသည့် ခရီးသွားလုပ်ငန်းများ ဖြစ်လာစေရန် ဝန်ကြီးဌာန အနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117