Connect with us

MYANMAR

၂၀၂၁ခုနှစ် ၊ နှစ်ကုန်တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အသက် ၁၈ နှစ်အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ကို COVID-19 ကာကွယ်ဆေး လွှမ်းခြုံနိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိ

#၂၀၂၁ခုနှစ်နှစ်ကုန်တွင် #မြန်မာနိုင်ငံ၌ #ကာကွယ်ဆေး ဘယ်နှစ်ရာခိုင်နှုန်း ထိုးနှံနိုင်ဖို့ ဆောင်ရွက်နေသလဲ #ဆင်ဟွာ

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

၂၀၂၁ခုနှစ် ၊ နှစ်ကုန်တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အသက် ၁၈ နှစ်အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ကို COVID-19 ကာကွယ်ဆေး လွှမ်းခြုံနိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆင်ဟွာသို့ ယနေ့ သြဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။“ ၅၀ ရာခိုင်နှုန်းဆိုတာ မှာ အသက် ၁၈ နှစ်အထက် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကို ဆိုလိုတာဖြစ်ပါတယ်။ ကျွန်မတို့ အနေနဲ့ ကာကွယ်ဆေးရတာနဲ့ အမြန်ဆုံး ထိုးနှံပေးဖို့ဆောင်ရွက်နေတယ်။ ကျွန်မတို့နိုင်ငံမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ အသက် ၆၅ နှစ်အထက်လူဦးရေ ၂.၈ သန်းရှိတယ်။ ရှေ့ပိုင်းမှာ ပထမအကြိမ် အိန္ဒိယကလာတဲ့ Covishield ကာကွယ်ဆေး ဝ.၈ သန်းထိုးနှံပြီးပါပြီ။ အသက် ၆၅နှစ်အထက် ၂သန်း ကျန်ပါတယ်။ ဒီ ၂ သန်းကိုတော့ လက်ရှိဦးစားပေးထိုးနှံမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဒီအုပ်စုတွေ မှာ ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ဖို့ဖြစ်ပါတယ်။’’ ဟုဒေါက်တာခင်ခင်ကြီးကပြောသည်။

ကာကွယ်ဆေးစတင်ထိုးနှံခဲ့သော ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၇ ရက်မှ ဇူလိုင် ၂၈ ရက်အထိ ကာကွယ်ဆေး ၁.၈ သန်းကျော် အား ကာကွယ်ဆေး ၂ ကြိမ်အပြည့် ထိုးနှံပြီးဖြစ်ကြောင်း၊ ၎င်းမှာ အသက် ၁၈ နှစ် အထက် ရည်မှန်းလူဦးရေ၏ ၆.၀၈ ရာခိုင်နှုန်း ရှိကြောင်း ၎င်းကဆိုသည်။

“လက်ရှိမှာ တရုတ်နိုင်ငံအစိုးရကလှူဒါန်းတဲ့ ကာကွယ်ဆေးနဲ့ ကျွန်မတို့ တရုတ်နိုင်ငံက ဝယ်ယူထားတဲ့ကာကွယ်ဆေး တွေလည်းထိုးနှံနေပါတယ်။ အဲဒါက ပျမ်းမျှအားဖြင့် တစ်နေ့ကို တစ်သိန်းခွဲလောက် ထိုးနှံနိုင်ပါတယ်။လူဦးရေ ၃ သန်းကို ထိုးနှံမှာပါ။ ၃ သန်းကို Sinopharm ၂သန်း နဲ့ Sinovac ၁ သန်းထိုးနှံမှာဖြစ်တယ်။ နောက်ထပ်ကျွန်မတို့ ထပ်ဝယ်ထားတဲ့ ဒုတိယသုတ်ရောက်မယ့် Sinopharm ၂ သန်းနဲ့ Sinovac ၁သန်း ကို ၄ပတ်အကြာမှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးမှာပါ။’’ ဟု ၎င်းကဆက်ပြောသည်။
ယင်း ၃ သန်းတွင် ဦးစားပေးနေဖြင့် အစိုးဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများ၊အကျဉ်းထောင်၊ ဘိုးဘွားရိပ်သာ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ ပို့ဆောင်ဆက်သွယ်ရေးဆောင်ရွက်နေသူများအား အစဉ်လိုက်အတိုင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းအားဖြင့် ရောဂါပြင်းထန်မှုများ၊ ဆေးရုံတက်ရောက်ရမှုများ၊ အောက်ဆီဂျင်လိုအပ်မှုများ၊ သေဆုံးမှုများအားလျော့ကျနိုင်ကြောင်း၊ အထူးသဖြင့် အသက် ၆၅ နှစ်အထက်၊ နောက်ခံရောဂါရှိသူများမှာ ရောဂါကူးစက်ခြင်းခံရပါက ထိခိုက်ခံစားရမှုများကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးထိုးနှံနိုင်ရန်ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကာကွယ်ဆေးက ၂ကြိမ်ထိုးရမယ့် ကာကွယ်ဆေးဆိုရင် ၂ ကြိမ်ထိုးပြီး ၂ပတ်အကြာမှာ ကာကွယ်နိုင်တဲ့ အာနိသင်ရှိနေပါပြီ။ ၈ လအထိ ကာကွယ်ဆေးရဲ့ အာနိသင်က ကောင်းမွန်စွာရှိနေတယ်ဆိုပြီး သုတေသန တွေကပြောထားတာရှိပါတယ်။’’ ဟု၎င်းကရှင်းပြသည်။

အိန္ဒိယမှ ဝယ်ယူထားသောကာကွယ်ဆေးများနှင့် ပတ်သက်၍လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် COVAX အစီအစဉ်ဖြင့် ကာကွယ်ဆေးများရရှိနိုင်ရန်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117