Connect with us

MYANMAR

စစ်တွေမြို့တွင် COVID-19 လူနာသစ် ၆ ဦးထပ်မံတွေ့ရှိ၊ မြန်မာနိုင်ငံတွင် အတည်ပြုလူနာပေါင်း ၄၅၀ ဦးအထိရှိလာ

ရန်ကုန်မြို့တွင် နှာခေါင်းစည်းဖြင့် သွားလာနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၂၃ ရက်) ည ၈နာရီ ထုတ်ပြန်ချက်အရ   COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ရခိုင်ပြည်နယ်  စစ်တွေမြို့တွင် COVID-19 အတည်ပြုလူနာ ၆ဦးထပ်မံတွေ့ရှိခဲ့ပြီး  မြန်မာနိုင်ငံတွင် စုစုပေါင်းအတည်ပြုလူနာ (၄၅၀) ဦး ထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ယနေ့ COVID-19 ကူးစက်ခံရသူ ၆ ဦးစလုံးသည် ရခိုင်ပြည်နယ် စစ်တွေမြို့ မှ ဖြစ်ပြီး၊ပြည်ပခရီးသွား ရာဇဝင်မရှိကြောင်း၊ ၎င်းတို့ထဲမှ  ၅ဦးသည် COVID-19 အတည်ပြုလူနာနှင့် ထိတွေ့မှုမရှိကြောင်း၊ တစ်ဦးမှာ COVID-19 အတည်ပြုလူနာ (C-398၊417) တို့ နှင့်ထိတွေ့မှုရှိကြောင်း၊ ငါးဦးမှာ ရောဂါကူးစက်နိုင်ခြေများသော အုပ်စုအားစစ်ဆေးခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာ စောင့်ကြည့်လူနာဖြစ်ကြောင်း သိရသည်။ 

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၃)ဦး (Case – 219, 257 နှင့် 324) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၄၁) ဦး ရှိပြီ ဖြစ်ကြောင်း၊  ၎င်းတို့အနက် (၃၃၅) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။    (Xinhua)