Connect with us

MYANMAR

COVID-19 ရောဂါ လူနာသစ် ၇၉၅ ဦး တွေ့ရှိ ၊ နောက်ထပ်သေဆုံးလူနာ ၂၈ ဦးရှိ 

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ လမ်းပေါ်တွင် ဈေးရောင်းနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ)

COVID-19  ဓာတ်ခွဲစစ်ဆေးမှုများအရ ပြီးခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၅,၉၆၂ ခုအား စစ်ဆေးခဲ့ရာ အတည်ပြု လူနာသစ် ၇၉၅ ဦး တွေ့ရှိပြီး သေဆုံးလူနာ ၂၈ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ 

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် ဆေးရုံဆေးခွင့်ရရှိသူ ၃၁၈ ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃,၃၉၁ ဦး ရှိလာခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ၌ စက်တင်ဘာ ၂၉ ရက် ညပိုင်းအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၂,၄၂၅ ဦး ရှိလာခဲ့ပြီး သေဆုံးလူနာ စုစုပေါင်း ၂၈၄ ဦး ရှိလာကြောင်း သိရသည်။ 

ယခုအချိန်၌ နေအိမ်အတွင်း၌သာ နေထိုင်ခြင်း(Stay at Home)သည် ရောဂါ ကူးစက်ပြန့်ပွားမှုကို ရပ်တန့်စေရန်အတွက် အထိရောက်ဆုံးသော နည်းဗျူဟာ ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ တွင် ပြည်သူများသို့ အသိပေးချက် ထုတ်ပြန် ပြောကြားခဲ့သည်။ 

ပြည်သူများသို့ ပန်ကြားမေတ္တာရပ်ခံလိုသည်မှာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ရန် နှင့် မဖြစ်မနေ ထွက်ရမည် ဆိုပါက ပါးစပ် နှင့် နှာခေါင်းစည်း တပ်ရန် ၊ ၆၅ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းခန့်သော ပိုးတွေ့လူနာများမှာ ရောဂါလက္ခဏာ မပြသဖြင့် အကယ်၍ မိမိ၌ ရောဂါရှိပါက အခြားသူများကို ကူးစက်နိုင်ခြင်း မရှိစေရန် နှင့် အခြားသူများမှ မိမိအား မကူးစက်နိုင်စေရန် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန် ၊ ရှောင်ရန်များကို တိတိကျကျ လိုက်နာကြရန် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)