Connect with us

MYANMAR

COVID-19 ရောဂါတိုက်ဖျက်ရေးတွင် ကူညီဆောင်ရွက်ရန် တရုတ်နိုင်ငံဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ မန္တလေးမြို့သို့ ရောက်ရှိ

မန္တလေးမြို့သို့ ရောက်ရှိလာသော တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့အား မြန်မာနိုင်ငံ ဆိုင်ရာတရုတ်နိုင်ငံကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန် (Mr. Chen Chen)က လက်ခံတွေ့ဆုံဆွေးနွေးစဉ်(ဓါတ်ပုံ- မန္တလေးမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံး )

ရန်ကုန် ၊ဧပြီ ၁၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင်  ကူညီဆောင်ရွက်ရန် အတွက် ရန်ကုန်မြို့သို့ ရောက်ရှိနေသော တရုတ်နိုင်ငံဆေးပညာရှင်အဖွဲ့သည်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးနှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မန္တလေးတိုင်း၊မန္တလေးမြို့ သက်ဆိုင်ရာ ဌာနများ၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့်  ဧပြီ ၁၃ ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံး ဝီချက်မှတစ်ဆင့် သိရသည်။ 

တရုတ်ဆေးပညာရှင်အဖွဲ့ခေါင်းဆောင် ယူနန်ပြည်နယ် တရုတ်တိုင်းဆေးစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ရန်လိကျွန်း(Yang Lijuan)နှင့် အဖွဲ့အား  မန္တလေးမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန် (Mr. Chen Chen)က တွေ့ဆုံခဲ့ကြောင်း သိရသည်။

မန္တလေးမြို့သို့ ရောက်ရှိလာသော တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့အား မြန်မာနိုင်ငံ ဆိုင်ရာတရုတ်နိုင်ငံကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန် (Mr. Chen Chen)က လက်ခံတွေ့ဆုံဆွေးနွေးစဉ်(ဓါတ်ပုံ- မန္တလေးမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံး )

တရုတ်နိုင်ငံဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့အား မန္တလေးမြို့ မြို့တော်ဝန် ဒေါက်တာရဲလွင်နှင့်တကွ တာဝန်ရှိပုဂ္ဂိုလ်များက ကြိုဆိုနှုတ်ဆက်စဉ် (ဓါတ်ပုံ- မန္တလေးမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံး )

 မန္တလေးမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန်နှင့်အတူ တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင် အဖွဲ့ စုပေါင်းအမှတ်တရဓါတ်ပုံ ရိုက်ကူးစဉ်(ဓါတ်ပုံ- မန္တလေးမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံး )

ထိုသို့တွေ့ဆုံရာတွင်  တရုတ်-မြန်မာ နှစ်နိုင်ငံ လက်တွဲတူညီရောဂါတိုက်ဖျက်ရေး တာဝန်ကို ထမ်းဆောင်နေကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး မန္တလေးတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်းသိရသည်။

တရုတ်နိုင်ငံ ဆေးပညာရှင်အဖွဲ့သည် သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့်အတူ မန္တလေးရှိဆေးရုံ၊ဆေးကုသရေးဌာနများသို့ သွားရောက်ကွင်းစင်းကြည့်ရှုကာ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အကြုံပြုချက်များ မျှဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုများ တိုက်ဖျက်ရာ၌ အကူအညီပေးရန် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆေးပညာရှင်အဖွဲ့သည် nucleic acid testing ဓါတ်ခွဲခန်းစက်ပစ္စည်းများ ၊ ဓါတ်ခွဲခန်းတွင်အသုံးပြုမည့်ပစ္စည်းများ၊ နှာခေါင်းစည်း၊ရောဂါကာကွယ်ရေးဝတ်စုံ အပါအဝင် ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများကို တစ်ပါတည်းသယ်ဆောင်ကာ ဧပြီ ၈ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး  ရန်ကုန်မြို့၌ ဝေဘာဂီကူးစက်ရောဂါအထူးကုဆေးရုံကြီး၊ Grand Hantha International Hospital ၊ မင်္ဂလာဒုံကျန်းမာရေးဌာန စသည်တို့ကို သွားရောက် ကွင်းဆင်းလေ့လာ၍ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့်အတူ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွေ့အကြုံများ မျှဝေခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.