နယူးယောက် ၊ မတ် ၁၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ မတ် ၁၈ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီအထိ နိုင်ငံတစ်ဝန်းတွင် COVID-19 ကူးစက်ခံရသူပေါင်း ၉,၀၀၀ ကျော်အထိ အမြင့်ဆုံးရောက်ရှိနေကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန(CSSE) မှ ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) အတွက် ကာကွယ်ဆေးအချို့အား လက်တွေ့စမ်းသပ်မှုများ ဖြစ်နိုင်သမျှမြန်မြန် လုပ်ဆောင်နိုင်ရန် မျှော်မှန်းထားကြောင်း တာဝန်ရှိသူများက မတ် ၁၇ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ကြောင့် လတ်တလော စီးပွားရေး ထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် အထည်ချုပ်လုပ်ငန်းများ၊ ဟိုတယ် နှင့်ခရီးသွားလာရေးလုပ်ငန်းများ နှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ကို ဦးစားပေးကုစားရမည့် ကဏ္ဍများ အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့်...
ဂျီနီဗာ၊ မတ် ၁၉ ရက်(ဆင်ဟွာ) တစ်ကမ္ဘာလုံးတွင် COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၂ သိန်းကျော်ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က မတ် ၁၈ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပြည်မကြီး၌ COVID-19 ရောဂါသက်သာပျောက်ကင်း၍ မတ် ၁၈ ရက်တွင် ဆေးရုံဆင်းခွင့်ရသည့် စုစုပေါင်း လူနာအရေအတွက်မှာ ၈၁၉ ဦးရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ ပြောကြားချက်အရ သိရသည်။
ဝူဟန့် ၊ မတ် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်မြို့၌ မတ် ၁၈ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်များ လုံးဝ မရှိကြောင်း ၊ ရောဂါတိုက်ဖျက်ရေး ကာလရှည်ကြာလုပ်ဆောင်ခဲ့ရသည့် မြို့တော်အတွက် ပထမဆုံးအကြိမ်အဖြစ် လူနာသစ်လုံးဝ မရှိသော မှတ်တမ်းကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဟူပေပြည်နယ် ကျန်းမာရေးကော်မရှင်က ပြည်နယ်အတွင်း ဗိုင်းရပ်စ်ကြောင့်...
ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်း အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန် အမိန့်ကြေညာစာကို ယနေ့ မတ် ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရထံသို့ COVID-19 ရောဂါတိုက်ဖျက်ရေး ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။
ဖနွမ်းပင် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ မလေးရှားနိုင်ငံသား နှစ်ဦးတွင် COVID-19 ရောဂါ ဖြစ်ပွားနေကြောင်း ယနေ့ မတ် ၁၈ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံ အတွင်း ရောဂါ အတည်ပြု လူနာ စုစုပေါင်း ၃၅ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။