ပါရီ၊ မတ် ၁၈ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၇,၇၃၀ဦး ရှိလာရာ ပြီးခဲ့သောရက်ကထက် ၁,၀၉၇ ဦးထပ်တိုးလာကြောင်း ပြင်သစ် ကျန်းမာရေးဌာန အကြီးအကဲ Jerome Salomonက မတ် ၁၇ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် နေထိုင်သော အသက် (၂၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ကန်တော်နဒီဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ်ရောက်ရှိနေစဉ် မတ် ၁၇ ရက်၌ သေဆုံးခဲ့ပြီး ၎င်းသေဆုံးမှုသည်COVID-19 ရောဂါကြောင့်မဟုတ်ကြောင်း ယနေ့ မနက် ၁နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော...
ဂျီနီဗာ ၊ မတ် ၁၈ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မတ်လ ၁၇ ရက် နောက်ဆုံး ထုတ်ပြန်ခဲ့သည့် သတင်း အချက်အလက် အရ တရုတ် နိုင်ငံ ပြင်ပ ၌ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၉၇,၉၉၆ ဦး...
နယူးယောက် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် မတ် ၁၇ ရက် ဒေသစံတော်ချိန် ည ၇ နာရီအထိ COVID-19 ရောဂါဖြင့် သေဆုံးသူ ၆,၀၀၀ ကျော်အထိ အမြင့်ဆုံးရောက်ရှိသွားခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန၏ ပြောကြားချက်အရသိရသည်။
ဝူဟန့် ၊မတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၌ မတ် ၁၇ ရက်က COVID-19 နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အတည်ပြုလူအသစ် တစ်ဦးသာ ရှိကြောင်း နှင့် သေဆုံးသူ ၁၁ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးကော်မရှင်က ယနေ့မတ် ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဟန်ကျိုး၊ မတ် ၁၇ ရက် (ဆင်ဟွာ) ဂျက်မာဖောင်ဒေးရှင်းနှင့် အလီဘာဘာဖောင်းဒေးရှင်းမှ အာဖရိကတိုက်ရှိ ၅၄ နိုင်ငံတွင် COVID-19 ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ကူညီရန် ရောဂါစမ်းသပ်ကိရိယာများ၊ နှာခေါင်းစည်းများနှင့် ရောဂါကာကွယ်ရေးဝတ်စုံများ အပါအဝင် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ဝူဟန့်၊ မတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားသော လူနာအရေအတွက် ဆက်လက်လျော့ကျလာသည့်အတွက် COVID-19 လူနာများအား အဓိကထားကုသရန် သတ်မှတ်ထားသော ဆေးရုံများအနေဖြင့် မတ်လကုန်တွင် ပုံမှန်ဆေးကုသမှုလုပ်ငန်းများ ပြန်လည်စတင်တော့မည် ဖြစ်သည်။
ကွာလာလမ်ပူ ၊ မတ် ၁၇ ရက်(ဆင်ဟွာ) မလေးရှား နိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှု အနေဖြင့် ခရီးသွားလာခြင်းအား တားမြစ်မှုများ ၊ စာသင်ကျောင်းများနှင့်ဈေးဆိုင်များ ပိတ်ခြင်း အပါအဝင် တင်းကြပ်သော အစီအမံများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မည်ဟု မတ် ၁၆ ရက်တွင်...
ဂျီနီဗာ၊ မတ် ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၈၆,၄၃၄ ဦး ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၁၆ ရက်က ထုတ်ပြန်သည့် နောက်ဆုံး ကိန်းဂဏန်းများအရ သိရသည်
ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် မတ်လ ၁၅ ရက် ည ၁၂ အထိ ကောက်ယူစုဆောင်းရရှိထားသည့် COVID-19 ကူးစက်ခံရသည့်နိုင်ငံများနှင့် ကူးစက်ခံရသူအရေအတွက်အလိုက် ဇယားတစ်ခု ပြုလုပ်ကာ ဆင်ဟွာသတင်းဋ္ဌာနမှ စုစည်းတင်ဆက်ထားပါသည်။ (Xinhua)