Connect with us

Environment, Disasters & Accidents

မိုးကြီးမည့် သတိပေးချက် မိုးဇလ ထုတ်ပြန်

ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်အထိ မြန်မာနိုင်ငံ မိုးရေချိန်ခန့်မှန်းချက် ပြပုံ (ဓာတ်ပုံ-မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ယနေ့ ဇူလိုင်လ ၂၇ ရက် မြန်မာ စံတော်ချိန် (၁၃း၃၀) နာရီ အချိန် မိုးလေဝသ တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန် ကောင်းနေခြင်းကြောင့် ယနေ့ မွန်းလွဲမှ နောက် (၃) ရက်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နေရာ ကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမ ှုဦးစီးဌာနမှ နေ့လည် ၂ နာရီတွင် သတင်း ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် (၂၄) နာရီ အတွင်း မိုးရေချိန် (၃) လက်မ (၇၇-မီလီမီတာ) နှင့်အထက် ရွာသွန်း နိုင်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် (၂၄) နာရီ အတွင်း မိုးရေချိန် (၁) လက်မခွဲ (၃၈-မီလီမီတာ) နှင့်အထက် ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှု အန္တရာယ်ကို လည်းကောင်း၊ မြစ်ငယ် ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြစ်ရေ ရုတ်တရက် မြင့်တက်လာနိုင်ပြီး ရေကြီး ရေလျှံမှု ဖြစ်ပေါ် နိုင်သဖြင့် ကြိုတင် သတိပြု နိုင်ကြရန် အကြံပြုကြောင်း ၎င်းတို့ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117