Connect with us

Environment, Disasters & Accidents

မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာ၌ ပင်လယ်ဒီရေ မြင့်တက်မှုကြောင့် နေအိမ် ၃၇ လုံး ပြိုကျ ပျက်စီး

ပေါင်မြို့နယ် ၊ အလှပ်ကျေးရွာ ကမ်းနားပိုင်းရှိ လူနေအိမ်များ ပြိုကျ ပျက်စီးမှုအား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ အလှပ်ကျေးရွာ ကမ်းနားပိုင်းရှိ နေအိမ်များအတွင်းသို့ သြဂုတ် ၁၂ ရက် ၊ နေ့ လည်ပိုင်း အချိန်တွင် ပင်လယ် ဒီရေ မြင့်တက်မှု ကြောင့် ရေ ၅ ပေခန့် ဝင်ရောက်ခဲ့ပြီး ဖက်မိုး/ ထရံကာ/ ဝါးခင်း နေအိမ် ၃၇ လုံး ပြိုကျပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ထို့အတူ အလှပ်တိုက်နယ် ဆေးရုံအတွင်းသို့ ရေ ၁ ပေခန့် ဝင်ရောက်ခဲ့၍ ဆေးကုသမှုခံယူနေသည့် လူနာ ၂၅ ဦး ဘုန်းကြီးကျောင်းဓမ္မာရုံသို့ ယာယီပြောင်းရွှေ့ထားရှိကာ ဆေးကုသလျက်ရှိပြီး ကားတဲကျေးရွာ၌ စပါးစိုက်ခင်းလယ်မြေဧက ၃၀၀ ခန့် ရေလွှမ်းမိုးခဲ့ကြောင်း သိရသည်။ပင်လယ်ဒီရေမြင့်တက်ပြီး ဒီရေရိုက်ခတ်မှုတို့ကြောင့် သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာ ဓမင်းဆိပ်ပိုင်း ပင်လယ်ကမ်းခြေ အနီးရှိ ယာယီရွှေ့ပြောင်းတဲအိမ် ၁၁ လုံး ယိုင်နဲ့ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်တောင်းမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းမြစ်ဘေး အေးသီတာ ရပ်ကွက်ရှိ နေအိမ် ၇ လုံး ပြိုကျခဲ့ပြီး နေအိမ် ၅ လုံး ယိုင်နဲ့ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ချောင်းဆုံမြို့နယ် အတွင်း ပင်လယ်ဒီရေမြင့်တက်မှုကြောင့် မရမ်းကျေးရွာ အပါအဝင် ရွာ ၃ ရွာမှ အိမ်ထောင်စု ၇၅ စုတို့သည် နီးစပ်ရာဆွေမျိုးများနေအိမ်နှင့် ဘုန်းကြီးကျောင်းများသို့ ယာယီ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117