Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီးတွင် ဒီရေတော ဧက ၄၀,၀၀၀ ကျော်ပေါက်ရောက်လျက်ရှိ၊ ၎င်းတို့ကိုထိန်းသိမ်း၍ ဒီရေတောတံတိုင်းတစ်ခုဖြစ်ရန် ဆောင်ရွက်လျက်ရှိဟုဆို 

ဒီရေတောရှိ အပင်တစ်ချို့ အားတွေ့ရစဉ် (ဓာတ်ပုံ-- သစ်တောဦးစီးဌာန)

ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် ကောင်းကင်ဂြိုဟ်တု ဓာတ်ပုံအရ သဘာဝဒီရေတောများသည် ဟက်တာ၂၀,၀၀၀၊ ဧကအားဖြင့် ၄၀,၀၀၀ ကျော်ပေါက်ရောက်လျက်ရှိကြောင်း၊ ၎င်းဒီရေတောများအား ဆက်လက်ထိန်းသိမ်း၍ နောင် နှစ်အနည်းငယ်အတွင်း ဒီရေတော သဘာဝတံတိုင်းတစ်ခုဖြစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီး   သစ်တော ဦးစီးဌာန       ညွှန်ကြားရေးမှူး  ဦးသိန်းတိုးက ဆင်ဟွာသို့ ဇွန် ၁၈ ရက်တွင်ပြောကြားခဲ့သည်။ 

ဦးသိန်းတိုးက “ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်မုတ္တမပင်လယ်ကွေ့တစ်လျှောက်မှာရှိတဲ့ ဒီရေတော တွေ အသစ်ပေါ်ထွက်လာတာတွေရှိပါတယ်။ အဲဒီ ဒီရေတောတွေကိုလည်း သစ်တောဥပဒေနဲ့ အညီကာကွယ်ထိန်းသိမ်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ပြီးရင် ဒေသခံတွေ ကိုယ်တိုင်စနစ်တကျစီမံခန့်ခွဲ အုပ်ချုပ်နိုင်အောင် ကျွန်တော်တို့ ကပြန်အပ်မှာဖြစ်ပါတယ်’’ ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ် မိုးရာသီက ဒီရေတော ၁၁၅ ဧက ခန့် စိုက်ပျိုးခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း ဟက်တာ ၂၀၀၊ ဧကအားဖြင့် ဧက ၅၀၀ နီးပါးခန့် ထပ်မံစိုက်ပျိုးရန်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့ က သဘာဝဒီရေတော တွေကိုလည်းထိန်းသိမ်းတယ်။ သဘာဝဒီရေတောတွေ မှာ အပင်တွေ နည်းနေရင် ကျဲပါးနေရင် ထပ်မံစိုက်ပျိုးပေးတာတွေ ဆောင်ရွက်ပါတယ်’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရှိသော  ဒီရေတောများသည်  တစ်ဧကလျှင်  အပင် ၃,၀၀၀ မှ ၁၀,၀၀၀ ဝန်းကျင် အထိ ပေါက်သည့် အတွက်  အလားအလာကောင်းကြောင်း၊ ၎င်းဒီရေတောများအား ဆက်လက်ထိန်းသိမ်းပါက နောင် ၃နှစ် မှ ၄ နှစ် အတွင်း အစိမ်းရောင် သဘာဝတံတိုင်းကြီးဖြစ်လာနိုင်ကြောင်း ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း    ဒီရေ တော   အသစ်ဖွဲ့စည်းရာတွင်    သုံးခွမြို့နယ်  မင်းရွာအသင်း   ဒီရေတောက ၄,၃၁၅ ဧက၊ ဘိတ်သိပ် မဟာသာသာ ဒီရေတောက   ဧက  ၅,၄၇၀၊     ကျောက်တန်းမြို့နယ်    ရွှေပြည် အေးချမ်းပို     ဒီရေတောက    ၄,၉၀၈ ဧက၊  အောင်ချမ်းသာ    တိုးချဲ့ဒီရေတောက     ဧက ၇,၉၇၀၊     ကွမ်းခြံကုန်းမြို့နယ်      အလယ်ရွာ ဒီရေတောက ဧက ၁၉၀၊ အစိမ်းရောင် ဒီရေ တောက  ဧက  ၈,၅၀၀  အပါအဝင်အားလုံး စုစုပေါင်း ၃၁,၃၅၃ ဧကကို လုပ်ငန်းအဖွဲ့ အဖြစ်  ၂၀၁၈ ခုနှစ် ဥပဒေနှင့်အညီ ဖွဲ့စည်း သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ မိတ်ဖက်ဦးစီးဌာန များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊  လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနများအပြင်    ဒေသခံပြည်သူ   အနည်းဆုံးနှစ်ဦး ပါဝင်ဝင်သော အဖွဲ့ကို  ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က  ဦးဆောင်ကာ   ကွင်းဆင်းစစ်ဆေး၍ ကြိုးပြင်ဒီရေ တောအဖြစ်    ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117